TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း သြဂုတ် ၂၄ ရက် ၂၀၂၃
စစ်ကောင်စီကို လေယာဉ်ဆီတင်ပို့သူ ကန်အရေးယူတာ၊ စစ်ကိုင်းတိုင်းထဲက နောက်ဆုံးအခြေနေ၊ မြန်မာက ဆိုင်ဘာရာဇဝတ်ဂိုဏ်း တရုတ် မြန်မာ လာအို ထိုင်း ၄ နိုင်ငံပူးတွဲခြေမှုန်းမှာ၊ Wagner ခေါင်းဆောင် လေယာဉ်ပျက်ကျရာမှာ ပါသွားတယ်ဆိုတဲ့ သတင်းတွေအပြင်၊ အယ်ဒီတာနဲ့ ဆွေးနွေးခန်း၊ လူထုနဲ့ကျန်းမာရေး၊ အားကစား စတဲ့ အပတ်စဉ်ကဏ္ဍတွေကိုပါ နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဩဂုတ် ၂၄၊ ၂၀၂၃)
စစ်ကောင်စီအတွက် လေယာဉ်ဆီ ရောင်းချ ဖြန့်ဖြူးပေးနေတဲ့ လူပုဂ္ဂိုလ်တွေ နဲ့ ကုမ္ပဏီတွေ ကို အမေရိကန် က ပိတ်ဆို့ အရေးယူလိုက်ပါတယ်။ မြန်မာနိုင်ငံက စစ်ခေါင်းဆောင်တွေ လူ့အခွင့်ရေးဆက်လက် ချိုးဖေါက်နေတာကို အမေရိကန်အပါအဝင် တခြားကုလလုံခြုံရေးအဖွဲ့ဝင် ၁၂ နိုင်ငံကရှုတ်ချ၊ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်ညှဥ်းပမ်းနေတဲ့ မြန်မာစစ်ကောင်စီတပ်တွေကို အရေးယူဖို့ နဲ့ မဖိနှိပ်အောင် တားဆီးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Volker Turk က တောင်းဆို။