TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း၊ သြဂုတ် ၂၄၊၂၀၂၂
ကုလအထူးကိုယ်စားလှယ် Noleen Heyzer ရိုဟင်ဂျာဒုက္ခသည်စခန်း ရောက်ရှိပါတယ်။ ယူကရိန်းကိုရုရှားဆက်တိုက်နေသ၍ အမေရိကန်ကယူကရိန်းကို ဆက်လက်ထောက်ပံ့နေဦးမယ်လို့ပြောဆိုပါတယ်။ လွှတ်တော်ဥက္ကဌ Nancy Pelosi ရဲ့ခင်ပွန်းသည်အရက်သောက်ပြီးကားမောင်းတဲ့အတွက် ထောင်ဒါဏ် ၅ ရက်ကျ ခံရပါတယ်။ မြန်မာ့အရေးကုလဆောင်ရွက်မှုမအောင်မြင်တဲ့အတွက် အတွင်းရေးမှုးချုပ် ကိုယ်တိုင်ကိုင်တွယ်ဖို့တောင်းဆိုကြပါတယ်။ စစ်ကိုင်းဖက်မှာတိုက်ပွဲတွေဆက်ဖြစ်နေ ပါတယ်။ စတဲ့သတင်းနဲ့သတင်းပေးပို့ချက်တွေအပြီးမှာတော့ လူမှုကွန်ယက်ပေါ်က သတင်းတိုများ၊ အမေရိကန်နိုင်ငံရေး၊ မြင်ကွင်းကျယ်မှတ်စု၊ ကမ္ဘာတလွှားခရီးသွား စတဲ့ပတ်စဉ်ကဏ္ဍတွေကိုကြည့်ရှုနားဆင်ရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (သြဂုတ် ၂၄၊ ၂၀၂၂)
အီရန်ရဲ့ နျူကလီးယားအစီအစဉ် သဘောထားမှတ်ချက်အပေါ် အမေရိကန် မကြာခင် တုံ့ပြန်ဖို့ ရှိ၊ ထိုင်းဝန်ကြီးချုပ် Prayut ရဲ့ တာဝန် ယာယီဆိုင်းငံ့၊ ပြည်ပအဖွဲ့အစည်းတွေနဲ့ တွေ့လိုတဲ့ နိုင်ငံရေးပါတီတွေအပေါ် စစ်ကောင်စီ ကန့်သတ် .... စတဲ့သတင်းတွေ အပါအဝင် ထိပ်တန်းရောက်နိုင်ငံတကာသတင်းတွေ၊ သတင်းဆောင်းပါးတွေကို တင်ပြထားပါတယ်။
ဗွီအိုအေ မြန်မာညချမ်း သြဂုတ် ၂၄ ၊ ၂၀၂၂
မြန်မာ့အရေး အာဆီယံအရေးတကြီးကိုင်တွယ်ဖို့လို၊ နိုင်ငံရေးပါတီတွေ ပြည်ပအဖွဲ့အစည်းနဲ့တွေ့ဆုံမှု စစ်ကောင်စီကန့်သတ်၊ နယ်ခြားစောင့်တပ်ဖြစ်ရေး စစ်ကောင်စီကမ်းလှမ်းချက်အပေါ် NCA လက်မှတ်ထိုးအဖွဲ့တွေ တုန့်ပြန်၊ ရခိုင်စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာ အခက်အခဲကြုံ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ လူထုနဲ့ကျန်းမာရေး၊ မြန်မာ့အရေးသုံးသပ်ချက်နဲ့ အားကစားကဏ္ဍတွေကို ထုတ်လွှင့်ပေးသွားမှာပါ။