TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဇူလိုင် ၂၄ ရက် ၂၀၂၂
ICJ မှာ မြန်မာစစ်ကောင်စီက ပြန်ချေပဖို့ရှိတာ၊ အာဆီယံအထူးကိုယ်စားလှယ်ကို ဒေါ်စုနဲ့တွေ့ခွင့်ပေးနိုင်ခြေ၊ မြဝတီ-ကော့ကရိတ် အာရှလမ်းက ပစ်ခတ်မှု နဲ့ ယူကရိန်းစစ်ပွဲအခြေနေအပြင် အပတ်စဉ်တင်ဆက်နေတဲ့ ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ တပတ်အတွင်း မြန်မာနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ ဇူလိုင် ၂၄၊ ၂၀၂၂
ကိုဗစ်ကူးစက်ကပ်ဘေး တကျော့ပြန်ဝင်လာတာမှာ ရောဂါမကူးစက်အောင် လုပ်ရမယ့်အရာများ လူထုနဲ့ကျန်းမာရေး၊ ပုံလှလှရိုက်နိုင်မယ့် Youseum ကမ္ဘာတလွှား ခရီးသွား၊ မကြေးမုံရဲ့ အင်္ဂလိပ်စာ၊ သတင်းထဲက သုတ၊ ဒါ့အပြင် ထူးခြားဆန်းပြားသတင်းများ အစီအစဉ်တွေကို ၂၀၂၂ ဇူလိုင် ၂၄ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း ဇူလိုင် ၂၄၊ ၂၀၂၂
ဆားလင်းကြီးမှာ ရဲတပ်ဖွဲ့ဝင် ၄ ဦး ပစ်ခတ်ခံရမှုကြောင့် လုံခြုံရေးတိုးမြင့်၊ အာဖရိကမြည်းတွေ မျိုးသုဉ်းမယ့် အန္တရာယ်ကြုံနေရ၊ တောင်ကိုရီးယားက အရောင်းသွက် နေ့လည်စာဗူး၊ မသန်ပေမယ့်စွမ်းတဲ့ ပန်းချီအနုပညာရှင် စတာတွေအပြင် အပတ်စဉ်ကဏ္ဍတွေမှာတော့ ကမ္ဘာ့-မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ ထူးခြားဆန်းပြားသတင်းများနဲ့ သတင်းထဲကသုတ အစီအစဉ်တွေထုတ်လွှင့်ပေးပါမယ်။