TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဇွန် ၂၄ ရက် ၂၀၂၃
ဗွီအိုအေ မြန်မာနံနက်ခင်း ဇွန် ၂၄ ရက် ၂၀၂၃ ဒေါ်စုရဲ့ စီးပွားရေးအကြံပေး Sean Turnell ကန်အထက်လွှတ်တော်အမတ် McConnell နဲ့တွေ့ဆုံတာ၊ ကန်ရောက် အိန္ဒိယဝန်ကြီးချုပ် နည်းပညာအကြီးအကဲတွေနဲ့ တွေ့ဆုံတာ၊ စစ်ကိုင်းတိုင်း တမူးမှာ တိုက်ပွဲပြင်းထန်နေတဲ့ သတင်းတွေအပြင် အပတ်စဉ်တင်ဆက်နေကျ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍတွေကို တင်ပြထားပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း (ဇွန် ၂၄ ရက်၊ ၂၀၂၃)
MFTB ဘဏ်၊ MICB ဘဏ်နဲ့ ကာကွယ်ရေးဝန်ကြီးဝန်ကြီးဌာနတို့ကို အမေရိကန် ဒဏ်ခတ်အရေးယူ၊ မြန်မာ့အရေးနည်းလမ်းသစ်နဲ့ ချဉ်းကပ်ဖို့ ကုလအထူးသံတမန် အာဆီယံကိုတောင်းဆို၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းများ၊ မွေးမြူရေးအစာဈေးတက်လို့ ဝက်မွေးသူတွေ အခက်တွေ့နေ အပါအဝင် လယ်ယာစီးပွားသတင်းများနဲ့ စာရေးဆရာ ညီပုလေးပြောပြခဲ့တဲ့ စာပေအကြောင်းမေးမြန်းခန်း ပြန်လည်ထုတ်လွှင့်ချက်တွေကို ၂၀၂၃၊ ဇွန် ၂၄ စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း၊ ဇွန် ၂၄၊ ၂၀၂၂
လက်နက်ကိုင် ပုန်ကန်မှုတွေ ချေမှုန်းမယ်လို့ Putin သတိပေး၊ အမေရိကန် နိုင်ငံခြားရေးဌာနအတိုင်ပင်ခံ Derek Chollet နဲ့ NUG ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေစိုး တွေ့ဆုံ၊ ဗီယက်နမ်ကို FATA စောင့်ကြည့် Grey list စာရင်းထဲထည့်သွင်း စတဲ့သတင်းတွေနဲ့ စနေည အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။