TV Schedule
၂၀၂၂ ဇွန်လ(၂၄)ရက် သောကြာ မနက်ခင်း VOA
နယူးယောက်ရဲ့ သေနတ်ကိုင်ဆောင်ခွင့် တင်းကြပ်တဲ့ဥပဒေ တရားရုံးပယ်ဖျက်၊ စစ်အေးအယူအဆနဲ့ ထိပ်တိုက်တွေ့ရေး ဆန့်ကျင်ဖို့ တရုတ်သမ္မတ တိုက်တွန်း၊ ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်ကိုပြောင်းရွှေ့ခံရမှု ကုလစိုးရိမ် စတဲ့ ထိပ်တန်းသတင်းများ။ ဘယ်လက်နက်ကိုင်မှ သူတို့ရွာမှာ တပ်မစွဲဖို့ ကွတ်ခိုင်မြို့က ရွာသားတွေ တောင်းဆို၊ စစ်ကိုင်း မကွေးနယ်ဘက် တိုက်ပွဲပြင်းထန်ဆဲ ဒီလိုသတင်းပေးပို့ချက်တွေနဲ့ ဦးအောင်ခင်ရဲ့သုံးသပ်ချက်၊ ကျန်းမာရေးကဏ္ဍ၊ တိုင်းရင်းသတင်းလွှာ အပတ်စဉ်ကဏ္ဍများ။
နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၂၄-၂၀၂၂)
ရုရှားရဲ့ တိုက်ခိုက်မှု အပြင်းအထန်ခံနေရတဲ့ Sievierodonetsk မြို့ကနေ ယူကရိန်းတပ်တွေ ဆုတ်ခွာမယ်လို့ ယူကရိန်းစစ်တပ် ပြော၊ အမေရိကန် သမ္မတ Joe Biden ဟာ ဒီရက်ပိုင်း ဂျာမနီမှာ ကျင်းပမယ့် G-7 စက်မှု အင်အားကြီး နိုင်ငံ အစည်းအဝေးနဲ့ စပိန်မှာ ကျင်းပမယ့် နေတိုးမဟာမိတ်အဖွဲ့အစည်းအဝေးတွေကို တက်ဖို့ရှိ၊ အမေရိကန်မှာ သေနတ်ကိုင်အကြမ်းဖက်မှုတွေ လျော့ပါးရေး ဥပဒေကြမ်းကို အထက်လွှတ်တော်မှာ လွယ်လွယ်ကူကူပဲအတည်ပြု
ဗွီအိုအေရေဒီယိုညပိုင်း ဇွန် ၂၄၊၂၀၂၂
ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ ထောင်ဝင်စာ ပို့ခွင့်ရ၊ စကစတပ်နဲ့ KIA-PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်၊ သေနတ်ကိုင်ခွင့်ဆိုင်ရာ တရားရုံးချုပ်ဆုံးဖြတ်ချက် သမ္မတဘိုင်ဒန် ဝေဖန် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ အမျိုးသမီး၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာ အစီအစဉ်တွေ ထုတ်လွှင့် တင်ဆက်ထားပါတယ်။