TV Schedule
ဗွီအိုအေ မြန်မာပိုင်း ကြာသပတေးနံနက်ခင်းအစီအစဉ် (ဖေဖေါ်ဝါရီ ၂၄ ရက်)
ဗွီအိုအေ မြန်မာပိုင်း ကြာသပတေးနံနက်ခင်းအစီအစဉ် (ဖေဖေါ်ဝါရီ ၂၄ ရက်) ယူကရိန်းအပေါ် ကျုးကျော်မှုအတွက် အမေရိကန်လွှတ်တော်အမတ်တွေ အပြင်းအထန်ဝေဖန်လိုက်တဲ့သတင်းနဲ့အတူ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေ၊ မြန်မာကန့်ကွက်မှုပယ်ချဖို့ ICJ ကို ဂမ်ဘီယာနိုင်ငံလျှောက်ထားချက်အပေါ် သုံးသပ်ချက်၊ ဖာပွန်ခရိုင်မှာ တိုက်ပွဲတွေအတွင်း ဒေသခံတချို့ ထိခိုက်သေဆုံး စတာတွေနဲ့အတူ ဦးကျော်ဇံသာရဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ အားကစားကဏ္ဍ၊ လူထုနဲ့ ကျန်းမာရေး စတဲ့အစီအစဉ်တွေကို တင်ဆက်မှာပါ။
နေ့စဉ် တီဗွီသတင်းလွှာ (၀၂-၂၄-၂၀၂၂)
ယူကရိန်းနိုင်ငံအပေါ် စစ်ဆင်ရေး စတင်ပြီလို့ ရုရှားသမ္မတ Vladimir Putin ဟာ ကြာသပတေးနေ့ အစောပိုင်းမှာ ကြေညာလိုက် သလို တခြားနိုင်ငံတွေက ဝင်စွက်တာတွေ မလုပ်ဖို့ သတိပေး၊ မလေးရှားနဲ့ ကမ္ဘောဒီးယားခေါင်းဆောင်တွေ စစ်အာဏာသိမ်းထားတဲ့ မြန်မာ့အရေးကိစ္စအပါအဝင် တခြားဒေသတွင်းအကြောင်းအရာတွေကို တွေ့ဆုံဆွေးနွေး၊ ICJ နိုင်ငံတကာ တရားရုံးမှာ စွဲဆိုထားတဲ့ အမှုအတွက် မြန်မာနိုင်ငံဘက်က ကြားနာမှု အပြီးသတ် ဒုတိယ လျှောက်လဲချက်ကို မနက်ဖြန်တင်သွင်းမယ်။
ဗွီအိုအေ ရေဒီယို/ရုပ်သံလွှင့်အစီအစဉ်
ဖေဖော်ဝါရီ ၂၄ - ယူကရိန်းကို ရုရှားဝင်တိုက်တဲ့ နောက်ဆုံးရသတင်းနဲ့အတူ ဒီအပေါ် စစ်ကောင်စီရဲ့သဘောထားအပါအဝင် မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာသတင်းများ၊ ICJ မှာ စစ်ကောင်စီ ချေပခွင့်ရနေတဲ့အပေါ် နိုင်ငံတကာ ဥပဒေပညာရှင်ရဲ့အမြင်၊ ကလေးတောင်ပိုင်းမှာ စစ်ကောင်စီ နယ်မြေဆက်ရှင်းနေ၊ CDM ဝန်ထမ်းတွေ စားဝတ်နေရေး အခက်ကြုံနေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ Sean Turnell ပါ ငါးဦးအမှု တလနီးပါးကြာပြီးမှ ပြန်စစ်ဆေး။ သီတင်းပတ်စဉ် - မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးကဏ္ဍ၊ တိုင်းရင်းသတင်းလွှာ။