TV Schedule
ဗွီအိုအေမြန်မာမနက်ခင်း ဒီဇင်ဘာ ၂၃ ၊ ၂၀၂၂
ကော့ကရိတ်မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်၊ လုံခြုံရေးကောင်စီကို စစ်ကောင်စီကဝေဘန်ပါတယ်၊ အနှစ် ၄၀ အတွင်းအဆိုးဆုံးဆောင်ရာသီမုန်တိုင်းဒါဏ်အမေရီးကားခံစားနေရပါတယ်။ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်သံ အမတ်ကြီးဦးကျော်မိုးထွန်းနဲ့မေးမြန်းခန်း၊ အမျိုးသမီးကဏ္ဍနှစ်ချုပ်အထူးအစီအစဉ်၊ အမေရိကန်နိုင်ငံရေး၊ သိပ္ပံနဲ့နည်း ပညာ စတဲ့အစီအစဉ်တွေကိုကြည့်ရှု့နားဆင်ရပါမယ်။

ဗွီအိုအေ တပတ်အတွင်းသတင်း၊ ဒီဇင်ဘာ ၂၄ ရက်၊ ၂၀၂၂
ကုလလုံခြုံရေးကောင်စီ မြန်မာ့အရေး နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ဆုံးဖြတ်ချက်ချ၊ စစ်ကောင်စီပိတ်ပင်မှုကြားက မြန်မာ့ဒီမိုကရေစီအင်အားစုတွေ လက်ထဲ ပြည်သူရှာတဲ့ ရန်ပုံငွေ သန်းနဲ့ချီ ရောက်ရှိ၊ ဒီလို မြန်မာဆိုင်ရာ တပတ်အတွင်းသတင်း စုစည်းတင်ပြချက်နဲ့ ၂၀၂၂ ကုန်ဆုံးချိန် မြန်မာအနှံ့ စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးနေရသူတွေရဲ့ ဒုက္ခတွင်း အခြေအနေ သတင်းထောက်မှတ်စု၊ နောက်ပိုင်းမှာတော့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ သီးသန့် ဆက်သွယ်မေးမြန်းခန်းတို့ကို ၂၀၂၂ ဒီဇင်ဘာ ၂၄ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဒီဇင်ဘာ ၂၄၊ ၂၀၂၂)
ယူကရိန်း၊ ထိုင်ဝမ်နဲ့ မြန်မာ့အရေး ပိုမို ကူညီထောက်ပံ့မယ့် အမေရိကန် ကာကွယ်ရေး အသုံးစရိတ် သမ္မတဘိုင်ဒန် လက်မှတ်ရေးထိုး၊ နှင်းမုန်တိုင်းကြောင့် အမေရိကန် သန်းနဲ့ချီ လျှပ်စစ်မီးပျက် စတဲ့ ထိပ်တန်းရောက် သတင်းတွေအပြင် NUG ကာကွယ်ရေး ဝန်ကြီးနဲ့ ဗွီအိုအေ သီးသန့်မေးမြန်းချက်၊ ၂၀၂၂ နိုင်ငံတကာ သတင်းအနှစ်ချုပ်၊ ဒို့အသံအစီအစဉ် တွေကို စုစည်း တင်ဆက်ထားပါတယ်။