TV Schedule
၁၉:၀၀ - ၁၉:၂၉
တနင်္ဂနွေနေ့ ဗွီအိုအေ တီဗွီမဂ္ဂဇင်း (အောက်တိုဘာ ၂၄၊ ၂၀၂၁)
စစ်ကောင်စီဘက်က အာဆီယံကို တုံ့ပြန်မှုနဲ့ ဖမ်းဆီးထားသူများ အလွှတ်၊ ပြန်ဖမ်း အခြေအနေ သတင်းထောက်မှတ်စု၊ ဖျားနာမှုတွေများလာတာကို ဘယ်လိုသတိထားမလဲ လူထုနဲ့ကျန်းမာရေး၊ ကမ္ဘာတလွှားခရီးသွား၊ မကြေးမုံရဲ့ အင်္ဂလိပ်စာနဲ့ သတင်းထဲက သုတ၊ ဒီအစီအစဉ်တွေကို ၂၀၂၁ အောက်တိုဘာ ၂၄ ရက်၊ တနင်္ဂနွေ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
၂၁:၀၀ - ၂၂:၀၀
VOA ရေဒီယိုညပိုင်း အောက်တိုဘာ၂၄၊၂၀၂၁
ဖမ်းဆီးခံ ၈၈ ခေါင်းဆောင်ကိုဂျင်မီအသက်အန္တရာယ် မိသားစုစိုးရိမ်ပူပင်၊ ရွှေတြိဂံဒေသထုတ် စိတ်ကြွဆေး ၁၂သန်း ထိုင်းမှာဖမ်းဆီးရမိ၊ Pfizer ကိုဗစ်ကာကွယ်ဆေး ကလေးငယ်တွေကို ၉၁ % ကာကွယ်ပေးနိုင် စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ မြန်မာ့အရေးဆွေးနွေးခန်း၊ မြန်မာ့မီဒီယာသုံးသပ်ချက်၊ မြန်မာပြည်မှပေးစားများနဲ့ သတင်းထဲက သုတအစီအစဉ်တွေကို ထုတ်လွှင့်ပေးပါမယ်။