TV Schedule
၁၉:၀၀ - ၁၉:၂၉
နေ့စဉ် တီဗွီသတင်းလွှာ (၀၉၊ ၂၃၊ ၂၀၁၉)
- ဇူလိုင်လအတွင်း အီရန်က ထိန်းသိမ်းထားတဲ့ ဗြိတိန်ရေနံတင် သဘောင်္ကို မကြာခင် လွှတ်ပေးမယ်လို့ အီရန် နိုင်ငံက Fars သတင်းဌာန ကြေညာပါတယ်။ - ကမ္ဘာကြီးပူနွေးဖောက်ပြန်လာမှု တိုက်ဖျက်ရေး နိုင်ငံတကာခေါင်းဆောင်တွေရဲ့ ညီလာခံ ကုလသမဂ္ဂဌာနချုပ်မှာ ဒီကနေ့ စတင်ကျင်းပမှာဖြစ်ပါတယ်။ - ဗြိတိန်ခရီးသွားလုပ်ငန်းကုမ္မဏီ Thomas Cook ဟာ ငွေကြေးအခက်အခဲတွေကြောင့် ပြိုလဲသွားတဲ့နောက်၊ အားလပ်ရက်ခရီးသွား ၆ သိန်းကျော်ရဲ့ ခရီးစဉ်တွေ ဖျက်သိမ်းလိုက်ရပါတယ်။