TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဇူလိုင်လ ၂၃ ရက် ၂၀၂၃
ARSA အဖွဲ့ ခေါင်းဆောင်ကို ဖမ်းဆီးရမိကြောင်း ဘင်္ဂလာဒေ့ရှ်ရဲ ကြေညာတာ၊ မြောက်ကိုရီးယား မစ်ဇိုင်းဒုံး ပစ်ခတ် ခြိမ်းခြောက်တာနဲ့ ကရင်ပြည်နယ် လက်ခတ်တောင် တာဝါတိုင် စခန်းကုန်း အသိမ်းပိုက်ခံရတဲ့ သတင်းတွေအပြင် အပတ်စဉ်တင်ဆက်နေကျ ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ အပြင် စိုက်ပျိုး- စီးပွါးအစီစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဇူလိုင် ၂၃ ရက်၊ ၂၀၂၃)
အမေရိကားမှာ ကားပျံစမ်းသပ်ပျံသန်းဖို့ ခွင့်ပြုမိန့်ရ၊ ဘောလုံးပွဲကြည့်ဖို့ အလုပ်နောက်ကျလို့ရတဲ့ နိုင်ငံ၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ အသက်အန္တရာယ် ကာကွယ်ဖို့ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး အထူးကြီးကြောင်း ရှင်းပြတဲ့ လူထုနဲ့ ကျန်းမာရေး၊ နောက်တော့ ဆုတောင်းပြည့်တယ်ဆိုတဲ့ ဘန်ကောက်က ဖိစောင်ဝ်၊ ဒါ့အပြင် မကြေးမုံရဲ့အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ ဇူလိုင်လ ၂၃ ရက်၊ တနင်္ဂနွေ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း၊ ဇူလိုင် ၂၃၊ ၂၀၂၃
NUG အွန်လိုင်းဗဟိုဘဏ်တည်ထောင်၊ စစ်ကောင်စီရဲ့ ကျပ် နှစ်သောင်းတန် ငွေစက္ကူသစ် စတဲ့ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေနဲ့အတူ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုဖေါ်ဆောင်ဖို့ အခွင့်အလမ်းမရခဲ့တဲ့အပေါ် NUG ဝန်ကြီးတောင်းပန်ကြောင်းပြောကြားထားတဲ့ မြန်မာ့ဒီမိုကရေစီရေးရာနဲ့ အခြားအပတ်စဉ် ကဏ္ဍတွေကိုနားဆင်ကြည့်ရှုရမှာပါ။