TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဇူလိုင် ၂၃ ရက် ၂၀၂၂
ဂျီနိုဆိုက်စွပ်စွဲချက် ICJ လက်ခံကြားနာမည့်အပေါ် သုံးသပ်မှုတွေ၊ KNU ထိန်းချုပ်နယ်မြေတွင်း စစ်ရေးအခြေနေ အပြင် ကမ္ဘာ့စားနပ်ရိက္ခာ ပြေလည်ဖို့ ရုရှားနဲ့ ယူကရိန်းတို့ကြား သဘောတူညီမှုရတာ နဲ့အတူ အမျိုးသမီးကဏ္ဍ၊ သုတစုံလင်အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာ အပတ်စဉ်ကဏ္ဍတွေကို တင်ပြပေးဖို့ရှိပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း၊ ဇူလိုင် ၂၃၊ ၂၀၂၂
မြန်မာနိုင်ငံကို ဂမ်ဘီယာက ICJ မှာ တရားစွဲဆိုမှုများ မြန်မာကန့်ကွက်ထားတာ အားလုံးပယ်ချခံရ၊ ကန်သမ္မတ ကိုဗစ်ပိုးကူး၊ ယူကရိန်းသမ္မတကတော် အမေရိကန်လာရောက်ခဲ့၊ ဒီလို မြန်မာနဲ့ကမ္ဘာ တပတ်အတွင်း သတင်းစုစည်း တင်ပြချက်နဲ့ နိုင်ငံတဝန်းကျင်းပတဲ့ အာဇာနည်နေ့ အကြောင်း သတင်းထောက်မှတ်စု၊ ဒါတွေကို ၂၀၂၂ ဇူလိုင်လ ၂၃ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း၊ ဇူလိုင် ၂၃၊ ၂၀၂၂
ICJ မှာ ဥပဒေကြောင်းအရ ဆက်လက်ခုခံသွားမယ်လို့ စစ်ကောင်စီတုန့်ပြန်၊ ထိုင်းဝန်ကြီးချုပ်အယုံအကြည်မရှိ လွှတ်တော်အဆို ရှုံးနိမ့်၊ အီရန်နူကလီယားအစီအစဉ် စောင့်ကြည့်ဖို့ ခက်ခဲလာ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ခေတ်ပြိုင်ကမ္ဘာ၊ တပတ်အတွင်း မြန်မာနဲ့ နိုင်ငံတကာသတင်းအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။