TV Schedule
ဗွီအိုအေရေဒီယို မနက်ပိုင်း၊ ဇွန် ၂၃ ရက် ၂၀၂၂။
ပွင့်ဖြူမှာ PDF နဲ့စစ်ကောင်စီတိုက်ပွဲ နှစ်ဘက်အကျအဆုံးရှိ၊ လက်ပံတောင်းတောင်အနီးအဖမ်းခံရသူ ၄၀ ကျော်ပြန်လွတ်၊ အာဏာသိမ်းပြီးနောက်အသတ်ခံရတဲ့အရပ်သား ၂၀၀၀ ထက်မကများနိုင်၊ ရာသီဥတုကြောင့် နေရပ်စွန့်ခွါရသူများ စတဲ့သတင်းပေးပို့ချက်တွေအပြီးမှာတော့ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေး၊ အားကစား အစီအစဉ်တွေကိုတင်ဆက်ထားပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၂၃-၂၀၂၂)
ယူကရိန်းနိုင်ငံကို ဥရောပသမဂ္ဂ အီးယူရဲ့ အဖွဲ့ဝင် ကိုယ်စားလှယ်လောင်း အဖြစ် ဥရောပပါလီမန် ထောက်ခံမဲပေး၊ နေတိုး မဟာမိတ်အဖွဲ့ထဲကို ဖင်လန်နဲ့ ဆွီဒင် နှစ်နိုင်ငံ တိုးချဲ့ ပါဝင်ဖို့ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီမှာအမတ်တွေထောက်ခံဆွေးနွေး၊ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကိုနေပြည်တော် အကျဉ်းထောင်ထဲ ဗုဒ္ဓဟူးနေ့ကပြောင်းရွှေ့လိုက်တဲ့အကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အတည်ပြု
ဗွီအိုအေရေဒီယိုညပိုင်း ဇွန် ၂၃၊ ၂၀၂၂
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ပို့၊ နိုင်ငံတော်လျို့ဝှက်အမှု စတင်စစ်ဆေး၊ ကလေးမြို့မှာ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်ပစ်ခတ်မှု လက်ပံတောင်းက ရွာသားတချို့ ဒဏ်ရာရ၊ အာဆီယံက စစ်ကောင်စီကို ဖိအားပေးဖို့ ကုလ လူ့အခွင့်အကိုယ်စားလှယ် တိုက်တွန်း၊ ယူကရိန်းကို အီးယူအဖွဲ့ဝင်နိုင်ငံလောင်းအဖြစ် မဲခွဲ အတည်ပြု စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးကဏ္ဍနဲ့ တိုင်းရင်းသတင်းလွှာတို့ကို ထုတ်လွှင့်ပေးသွားမှာပါ။