TV Schedule
၂၀၂၂ မေလ(၂၃)ရက် တနင်္လာနေ့ မနက်ခင်း VOA
ထိပ်တန်းရောက်သတင်း - သမ္မတ Biden ကို ဂျပန်တချို့ ကန့်ကွက်ဆန္ဒပြ၊ ယူကရိန်းနယ်မြေတချို့ ပေးအပ်ဖို့ အကြံပြုချက် ပိုလန်သမ္မတ ပယ်ချ၊ အာဖရိကသမဂ္ဂ အကြီးအကဲ ရုရှား နဲ့ ယူကရိန်းကို သွားရောက်မည်။ သတင်းဆောင်းပါ: - အမေရိကန် သမ္မတ ရဲ့ တောင်ကိုရီးယားခရီးစဉ် ၊ အမေရိကန် အာဆီယံထိပ်သီးဆွေးနွေးပွဲ၊ ဝေလငါးမန်းမျိုးတုံးမဲ့အရေး ။ အပတ်စဉ်ကဏ္ဍ - ကမ္ဘာ့မြန်မာ့မီဒီယာမြင်ကွင်၊ မြန်မာပြည်မှပေးစာ၊ သတင်းထဲကသုတနဲ့ ထူးခြားဆန်းပြား သတင်းများ။
နေ့စဉ် တီဗွီသတင်းလွှာ (၀၅-၂၃-၂၀၂၂)
တရုတ် က တိုင်ဝမ်ကို ကျုးကျော်ရင် အမေရိကန် က ကာကွယ်ပေးမယ်လို့ အမေရိကန် သမ္မတ ဘိုင်ဒန်ပြော၊ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ရှုတ်ချပြီး အကြမ်းဖက် တိုက်ခိုက်မှုများရပ်တန့်ဖို့ တောင်ကိုးရီးသမ္မတ၊ ဂျပန်ဝန်ကြီးချုပ် တို့နဲ့ အမေရိကန် သမ္မတ ကပူးတွဲ ကြေညာချက်တွေ ထုတ်၊ အခွင့်အရေးချိုးဖောက်တဲ့ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တွေထဲမှာ ဂျပန် က လေ့ကျင့်ပေးလိုက်တဲ့ အရာရှိတဦးလည်း ပါဝင်တာကြောင့် မြန်မာစစ်တပ် နဲ့ အဆက်အသွယ် ဖြတ်ဖို့ ဂျပန်ကို HRW လူ့အခွင့်အရေးအဖွဲ့ တောင်းဆို
ဗွီအိုအေရေဒီယိုညပိုင်း မေ၂၃ ၊၂၀၂၂
စစ်ကောင်စီဥက္ကဌနဲ့ မွန်ပြည်သစ်ပါတီ ဒုဥက္ကဌတွေ့၊ ရခိုင်၊ ထန်တလန်မှာ တိုက်ပွဲဖြစ်၊ နေအိမ်တွေမီးရှို့ခံရ၊ အမ်းမြို့ပေါ်မှာ လက်နက်ကြီးပစ်ခတ်သံတွေကြားရ၊ မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေအတွက် ကန် နဲ့ ဂျပန်ခေါင်းဆောင်တို့ ဝေဖန် စတဲ့ သတင်းတွေနဲ့အတူ အပတ်စဉ်ကဏ္ဍတွေမှာတော့ သတင်းထောက်မှတ်စု၊ စီးပွားရေးကဏ္ဍ၊ ဘလော့ဂါတွေပြောသမျှ၊ သက်တံရောင်သတင်းလွှာတို့ကို ထုတ်လွှင့်ပေးသွားမှာပါ။