TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဧပြီလ ၂၃ ရက် ၂၀၂၃
နေပြည်တော်တဝိုက် လေဆင်နှာမောင်းဒဏ်ကြောင့် ၈ ဦးသေဆုံးတာ၊ ကချင်ပြည်နယ်တွင်း ဝန်းကျင်ထိမ်းသိမ်းဖို့ မြေကမ္ဘာနေ့မှာ တောင်းဆိုတာ၊ ရုရှားက ဂျာမနီသံတမန် ၂၀ ကျော် ကို နိုင်ငံကနှင်ထုတ်တဲ့ သတင်းတွေ အပြင်- အပတ်စဉ်တင်ဆက်နေတဲ့ ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ အပြင် စိုက်ပျိုး- စီးပွါးအစီစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ ဧပြီ ၂၃ ရက်၊ ၂၀၂၃
ရေထဲမှာ အမှိုက်ကောက်တဲ့ ရေသူမလေး ကမ္ဘာ့စံချိန်တင်၊ အသက်ကြီးပေမဲ့ ဘောလုံးပြိုင်ပွဲ ဝင်ကန်ကြတဲ့ ဘိုးဘိုးများ၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ နာတာရှည်ရောဂါသည်ပြုစုစောင့်ရှောက်ပုံအကြောင်းသိရမယ့် လူထုနဲ့ ကျန်းမာရေး၊ နောက်တော့ ထိုင်းရွေးကောက်ပွဲကနေ မြန်မာ့နိုင်ငံရေးသက်ရောက်မှုအကြောင်း နေရာပေါင်းစုံ၊ အကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ ဧပြီလ ၂၃ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဧပြီ ၂၃၊ ၂၀၂၃ ဗွီအိုအေ မြန်မာညချမ်း
ဆူဒန်က အမေရိကန်သံတမန်တွေ ဘေးလွတ်ရာကယ်ထုတ်၊ ဓာတုဆေးဝါးတွေကြောင့် မြန်မာ့စိုက်ပျိုးရေးထွက်ကုန်တွေ ပြည်ပဈေးကွက်မှာ အခက်ကြုံ စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများ အစီအစဉ်တွေကိုလည်း တင်ဆင်မှာ ဖြစ်ပါတယ်။