TV Schedule
၂၀၂၂ ခုနှစ်၊ဧပြီလ ၂၃ ရက်၊ စနေနေ့မနက် VOA မြန်မာပိုင်း ရေဒီယို/ရုပ်သံအစီအစဉ်
စနေနေ့ မနက်ထိပ်တန်းရောက် သတင်းတွေနဲ့ အတူ မလေးရှား လူဝင်မှုထိန်းသိမ်းရေးစခန်းကနေ ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေကို ရဲကဆက်ပြီှးရှာဖွေနေတဲ့အခြေအနေ၊ မြန်မာသွင်းကုန်လုပ်ငန်းတွေအတွက် နိုင်ငံခြားငွေရောင်းပေးရာမှာ လူသုံးကုန် စားသောက်ကုန်နဲ့ လျှပ်စစ် ကဏ္ဍအတွက် စစ်ကောင်စီက နောက်ဆုံးဦးစားပေး အဖြစ်သတ်မှတ်လိုက်တဲ့အပေါ် တုန့်ပြန်သံတွေနဲ့ တာလီဘန်အုပ်ချုပ်မှုအောက်က အာဖဂန်နိုင်ငံလက်ရှိအခြေအနေနဲ့ တရုတ်အစိုးရက ကမကထပြုထားတဲ့ ကွန်ဖြူးရှပ်ပညာရေးနဲ့ယဉ်ကျေးမှုဆိုင်ရာဌာနအကြောင်း တင်ဆက်သွားဖို့ရှိပါတယ်။ ဒုတိယပိုင်းနာရီဝက်မှာတော့ အပတ်စဉ် တင်ဆက်နေကျ အမျိုးသမီးကဏ္ဍ၊ သုတစုံလင်အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာအစီအစဉ်တွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းအစီအစဉ်တွေကို အားပေးနားဆင်တဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း (ဧပြီလ ၂၃ ရက်၊ ၂၀၂၂)
နိုင်ငံခြားငွေ လဲလှယ်မှုဆိုင်ရာ ကန့်သတ်ချက် ကင်းလွတ်ခွင့်စာရင်း စစ်ကောင်စီထုတ်ပြန်၊ ရုရှားတိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်အောင်မြင်၊ ဒီလို မြန်မာနဲ့ကမ္ဘာ တပတ်အတွင်း သတင်းစုစည်းတင်ပြချက်နဲ့ သတင်းထောက်မှတ်စု၊ ဒါတွေကို ၂၀၂၂ ဧပြီလ ၂၃ ရက် စနေ၊ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။