TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (ဒီဇင်ဘာ ၂၃၊ ၂၀၂၃)
ဂါဇာအတွက် အကူအညီတွေ အမြန်ဆုံး အရှိန်မြင့်ပေးနိုင်ရေး ဆုံးဖြတ်ချက် လုံခြုံရေးကောင်စီ အတည်ပြု၊ ဆင်းရဲမွဲတေမှုနဲ့ မြန်မာ့စီးပွားရေး ပြိုလဲမှု UNDP သတိပေး စတဲ့သတင်းတွေနဲ့အတူ အပတ်စဥ်ကဏ္ဍတွေဖြစ်တဲ့ အမျိုးသမီးကဏ္ဍ၊ သုတစုံလင်အမေရိကန်တခွင့်၊ သိပ္ပံနဲ့နည်းပညာ အစီအစဥ်တွေ စုစည်းတင်ဆက်ထားပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း (ဒီဇင်ဘာ ၂၃၊ ၂၀၂၃)
ကုလမြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ယူ၊ စစ်ရေးပဋိပက္ခများအတွက် တရုတ်သတိပေး၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းများ၊ ရခိုင်လမ်းများ ပိတ်ဆို့ထားလို့ ကုန်စည်စီးဆင်းမှု ရပ်တန့် ၊ ဒီလိုလယ်ယာစီးပွား သတင်းတွေ၊ နောက် မြန်မာအတွက် အကူအညီလိုအပ်မှု ပိုးတိုးလာနေတဲ့ အကြောင်း သတင်းထောက်မှတ်စုတို့ကို ၂၀၂၃၊ ဒီဇင်ဘာ ၂၃ စနေ၊ ဗွီအိုအေ တပတ်အတွင်းသတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗီအိုအေ မြန်မာညချမ်း၊ ဒီဇင်ဘာ ၂၃၊ ၂၀၂၃
သမ္မတ Biden နဲ့ သမ္မတကတော်တို့ ကလေးဆေးရုံသွားရောက်အားပေး၊ အမေရိကန်မှာ JN.1 ကိုဗစ်ပိုးသစ်ကူးစက်မှုတိုးနိုင်လို့ CDC သတိပေး၊ ထိုင်းနိုင်ငံမှာ JN. 1 ကိုဗစ်ဗိုင်းရပ်စ် ကူးစက်မခံရအောင်နဲ့ အင်္ဂလိပ်ပရီမီယာလိဂ်ပွဲမှာ ပထမဆုံးအမျိုးသမီးဒိုင်ကြီးကြပ် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။