TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ( ၂၃ ဒီဇင်ဘာ ၂၀၂၂)
အမေရိကန်နဲ့ ယူကရိန်းတို့ဟာ ရုရှားနိုင်ငံရဲ့စိုးရိမ်ပူပန်မှုကို လျှစ်လျူရှုထားကြတယ်လို့ သမ္မတပူတင်စွပ်စွဲလိုက်၊ အမေရိကန်ပြည်ထောင်စုရဲ့ အသုံးစရိတ်ကို (၁.၇)ထရီလျံအထိ သုံးစွဲဖို့ အထက်လွှတ်တော်က သဘောတူ စတဲ့ထိပ်တန်းသတင်းတွေနဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက တပ်ပြေးလိုက်ရှာရင်း စစ်ရှောင်စခန်းကို ဝင်စစ်၊ အမေရိကန်မှာ အအေးလှိုင်း နှင်းမုန်တိုင်ဖြတ်နေတဲ့အတွက် မြန်မာတွေ ဘာပြင်ဆင်နေကြသလဲ၊ တရုတ်မှာ တကျော့ပြန်ဖြစ်လာတဲ့ ကိုဗစ်ရဲ့ အလားအလာ ..သတင်းပေးပို့ချက်နဲ့ အပတ်စဉ်ကဏ္ဍများ။
နေ့စဉ် တီဗွီသတင်းလွှာ (ဒီဇင်ဘာ ၂၃၊ ၂၀၂၂)
အမေရိကန်ပြည်ထောင်စုမှာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ ၆ ရက် လွှတ်တော်စီးနင်း တိုက်ခိုက်ခံရတဲ့ ပတ်သက်ပြီး လွှတ်တော်အမတ်တွေရဲ့ စုံစမ်းစစ်ဆေး တွေ့ရှိမှု နောက်ဆုံး အစီရင်ခံစာကို မနေ့က ထုတ်ပြန်၊ မြန်မာနိုင်ငံအတွင်း မတရားအလုပ်ခံရတဲ့ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှု အချက်အလက်တွေကို လုံခြုံတဲ့ လမ်းကြောင်းကနေ ပေးဖို့ကြဖို့ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တယား IIMM ကတိုက်တွန်း
ဗွီအိုအေ မြန်မာညချမ်း ဒီဇင်ဘာ ၂၃၊ ၂၀၂၂
ကန်လွှတ်တော်တိုက်ခိုက်ခံရမှု စုံစမ်းရေးကော်မတီအစီရင်ခံထုတ်ပြန်၊ နှင်းမုန်တိုင်းသတိပေးချက်တွေ လိုက်နာဖို့ ကန်သမ္မတတိုက်တွန်း၊ ဖမ်းခံထားရသူတချို့ စစ်ကောင်စီ နှစ်ရှည်ထောင်ဒဏ်တွေချ၊ သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ ဆက်သွယ်မေးချက်၊ အမျိုးသမီးကဏ္ဍအထူးအစီအစဉ်နဲ့ အပတ်စဉ်ကဏ္ဍတွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။