TV Schedule
စနေနေ့ မနက် ဗွီအိုအေ ရေဒီယို/ရုပ်သံ (၂၀၂၁ အောက်တိုဘာ ၂၃ ရက်)
ဒီနေ့မနက် အစီအစဉ်မှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရာထူးက ဆင်းပေးဖို့ ကုလအထူးကိုယ်စားလှယ် တိုက်တွန်း၊ စစ်ကောင်စီကို ဖိအားတွေ တိုးမြှင့်ဖို့ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် တိုက်တွန်း၊ လွတ်ငြိမ်းခွင့် ကြေညာထားပေမဲ့ မလွတ်မြောက်သူတွေရှိနေတဲ့အပေါ် ပြည်တွင်း ပြည်ပစိုးရိမ်၊ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီနဲ့ PDF အဖွဲ့တွေကြား တိုက်ခိုက်မှုတွေဖြစ်ပွား စတဲ့အကြောင်းတွေ နားဆင်ရပါမယ်။ သီတင်းပတ်စဉ် အမျိုးသမီးကဏ္ဍ ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနည်းပညာကဏ္ဍ တွေကိုလည်း ထုတ်လွှင့်သွားမှာပါ။
ဗွီအိုအေ တပတ်အတွင်းသတင်း (အောက်တိုဘာ ၂၃၊ ၂၀၂၁)
စစ်ကောင်စီက ဖမ်းဆီးထားသူများ သီတင်းကျွတ်အထိမ်းအမှတ် ပြန်လွှတ်ပေး၊ တချို့ကို ချက်ချင်းပြန်ဖမ်းဆီး၊ စက်မှုထိပ်သီး ၇ နိုင်ငံအစည်းအဝေး မြန်မာကို မဖိတ်၊ ဒီလို တပတ်အတွင်း သတင်း စုစည်းတင်ပြချက်၊ ဒစ်ဂျစ်တယ်ငွေကြေး Bitcoin သုံးသင့် မသင့် မေးမြန်းခန်း၊ ဒါတွေကို ၂၀၂၁ အောက်တိုဘာ ၂၃ ရက် စနေ၊ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
VOA ရေဒီယိုညပိုင်း အောက်တိုဘာ၂၃၊၂၀၂၁
ဒေါ်အောင်ဆန်းစုကြည်ရှေ့နေအားလုံး ပြောဆိုခွင့်ကန့်သတ်ခံရ ၊ မြန်မာ့အထည်ချုပ်လုပ်ငန်း ၃၀ % ကျော်ကျဆင်း စတဲ့ သတင်းတွေနဲ့အတူ အပတ်စဉ်ကဏ္ဍတွေအဖြစ် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ ထင်ဟပ်တဲ့ ဒို့အသံ၊ လူ့အခွင့်အရေး ဒီမိုကရေစီနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ စနေည ဆွေးနွေးခန်းအစီအစဉ်တွေကို ထုတ်လွှင့်တင်ဆက်ပေးဖို့ရှိပါတယ်။