TV Schedule
ဇန်နဝါရီ ၂၃၊ ၂၀၂၃ ဗွီအိုအေ မြန်မာနံနက်ခင်း
ကယ်လီဖိုးနီးယား ပစ်ခတ်မှုမှာ သံသယရှိသူကို အာဏာပိုင်တွေ ဆက်လက်ရှာဖွေ၊ ချမ်းသာရွာ ဘုရားကျောင်း မီးရှို့ခံမှုအတွက် ပုပ်ရဟန်းမင်းကြီး ၀မ်းနည်းစကားပါး၊ စစ်ကောင်စီ ရွေးကောက်ပွဲအပေါ် အမေရိကန် သဘောထား နိုင်ငံခြားရေးဌာန အတိုင်ပင်ခံနဲ့ တွေ့ဆုံမေးမြန်းခန်းအပြင် အပတ်စဉ်ကဏ္ဍတွေကိုလည်း တင်ဆက်သွားမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇန်နဝါရီ ၂၃၊ ၂၀၂၃)
ဂျာမနီလုပ် တင့်ကားတွေကို ယူကရိန်းနိုင်ငံကို ပေးပို့နိုင်ဖို့အတွက် နိုင်ငံတကာ ညွန့်ပေါင်းအဖွဲ့တစ်ဖွဲ့ကို ပိုလန်နိုင်ငံက ဖွဲ့စည်းနေတယ်လို့ ပိုလန် ဝန်ကြီးချုပ်ပြော၊ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Monterey Park မှာ ပစ်ခတ်မှုကျူးလွန်တယ်လို့ သံသယရှိသူ သေနတ်သမားသေဆုံးသွားပြီလို့ ရဲတပ်ဖွဲ့ပြော၊ အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံတော်လျှို့ဝှက်အဆင့် သတ်မှတ်ထားတဲ့ မှတ်တမ်းတွေ သမ္မတ Joe Biden ရဲ့ ရုံးဟောင်းနဲ့ နေအိမ်က တွေရှိခဲ့ပြီးတဲ့နောက် ဒီမိုကရက်အမတ်တွေ တော်တော်များများဝေဖန်
ဗွီအိုအေ မြန်မာညချမ်း ဇန်နဝါရီ ၂၃ ၊ ၂၀၂၃
မင်းတပ် လှထွီကျေးရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်၊ မတူပီ-မင်းတပ်မြို့တွေဆီ သွားလာမှုတင်းကြပ်ထား၊ ဖားကန့် ဆိပ်မူရွာ စစ်ကောင်စီတပ်ကို KIA ပူးပေါင်းတပ်တိုက်ခိုက် စတာတွေနဲ့ အပတ်စဉ်ကဏ္ဍဖြစ်တဲ့ သတင်းထောက်မှတ်စု၊ စီးပွားရေးကဏ္ဍ၊ ဘလော့ဂါတွေပြောသမျှအစီအစဉ်နဲ့ သက်တံရောင် သတင်းလွှာတို့ကို နားဆင်ရပါမယ်။