TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း၊ သြဂုတ် ၂၂၊ ၂၀၂၃
ယူကရိန်းကို ဂရိနိုင်ငံက F16 တိုက်လေယာဥ်မောင်းနှင်ရေးလေ့ကျင့်ပေးမယ့်သတင်း၊ အီသီယိုပီးယား ဒုက္ခသည်တွေကို ဆော်ဒီတပ်တွေ တကယ်ပစ်သတ်ခဲ့သလားဆိုတာနဲ့ စစ်ကိုင်းတိုင်းထဲမှာနယ်မြေရှင်းလင်းရေးကြောင့် ဒေသခံတို့ ဒုက္ခရောက်နေကြတာ၊ သတိပြုစရာဖြစ်လာတဲ့ စျေးကွက်ထဲက ကိုဗစ်ကာကွယ်ဆေး စတဲ့သတင်းတွေနဲ့အတူ အပတ်စဉ်ကဏ္ဍတွေဖြစ်တဲ့ သတင်းထောက်မှတ်စု၊ စီးပွါးရေး၊ လူမှုရှုခင်းနဲ့ သက်တံရောင်သတင်းလွှာ အစီအစဥ်တွေကို ရှူစား နားဆင်ရမှာပါ၊
နေ့စဉ် တီဗွီသတင်းလွှာ (ဩဂုတ် ၂၂၊ ၂၀၂၃)
မော်စကိုမြို့တော် အနီးဝန်းကျင်တဝိုက်နဲ့ နယ်စပ်ဒေသမှာ ယူကရိန်းကပစ်လိုက်တဲ့ဒရုန်းတွေကို ပစ်ချနိုင်ခဲ့တယ်လို့ ရုရှားက ပြော၊အမေရိကန် ဟာဝိုင်ယီပြည်နယ်၊ Maui ကျွန်းကတာဝန်ရှိသူတွေကို သမ္မတ Joe Biden တွေ့ဆုံခဲ့ပြီး ပြန်လည်ထူထောင်ရေး အကူအညီပေးမယ့်အကြောင်းပြော၊ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်သစ်အဖြစ် အိမ်ခြံမြေလုပ်ငန်းရှင်သူဋ္ဌေးကို လွှတ်တော်က ရွေးချယ်လိုက်ပါတယ်။