TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဇူလိုင်လ ၂၂ ရက် ၂၀၂၃
ဗွီအိုအေ မြန်မာနံနက်ခင်း ဇူလိုင်လ ၂၂ ရက် ၂၀၂၃ ယူကရိန်းကောက်နှံတင်ပို့မှုကို ရုရှားမတိုက်ခိုက်ဖို့ ကုလ သတိပေးတာ။ သမ္မတဟောင်း ထရမ့်အမှု ရှေ့နှစ်မေလ ရုံးတင်မှာ၊ သွေးလွန်တုတ်ကွေးအတွက် WHO သတိပေးတာနဲ့ စစ်ကောင်စီနယ်မြေရှင်းလင်းမှုအတွင်း ယင်းမာပင် ဒေသခံ ၁၄ ဦး အသတ်ခံရတဲ့ သတင်းအပြင် အပတ်စဉ်တင်ဆက်နေကျ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍတွေကို တင်ပြထားပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း (ဇူလိုင်လ ၂၂ ရက်၊ ၂၀၂၃)
စစ်ကောင်စီနဲ့ ဆက်စပ် လူပုဂ္ဂိုလ်များနဲ့ သတ္တုတွင်းလုပ်ငန်း အီးယူ ဥရောပသမဂ္ဂက ဒဏ်ခတ်အရေးယူ၊ အမေရိကန်ပြည်ထောင်စုကနေ လက်နက်မဟုတ်တဲ့ အကူအညီနဲ့ လူသားချင်း စာနာမှုအကူအညီ စုစုပေါင်း ဒေါ်လာ ၅၂၅ သန်း၊ NUG တောင်းခံ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းများ၊ ပြည်ပပို့ကုန်ရငွေအများအပြား ဗဟိုဘဏ်သတ်မှတ်စျေးနဲ့ မြန်မာကျပ်ငွေလဲရတဲ့ စနစ်ဖျက်သိမ်းပေးဖို့ တောင်းဆို၊ အပါအဝင် လယ်ယာစီးပွားသတင်းတွေ၊ နောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံမှုကနေ ဖြစ်လာတဲ့ ရိုက်ခတ်ချက်တွေကို သုံးသပ်ထားတဲ့ ရန်ကုန်က သတင်းထောက်မှတ်စုတို့ကို ၂၀၂၃၊ ဇူလိုင် ၂၂ စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း၊ ဇူလိုင် ၂၂၊ ၂၀၂၃
မြောက်ပိုင်းတိုင်းမှူးကိုအနားပေးပြီး လူစားထိုးခန့်အပ်၊ KIO ဌာနချုပ်နား စစ်တပ်ဗုံးကြဲတိုက်ခိုက်၊ အမျိုးသမီးကမ္ဘာ့ဖလား အာရှအသင်းတွေထဲက ဂျပန်အသင်း ၅ ဂိုးပြတ်နဲ့ရှေ့ပြေး၊ Inter Miami အတွက် Messi ပွဲဦးထွက် အနိုင်ဂိုးသွင်း စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။