TV Schedule
ဇူလိုင် ၂၂၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ကိုဗစ်ရောဂါ ကူးစက်ခံရ၊ အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်မှု ကမ္ဘာ့ဈေးကွက်အပေါ်ရိုက်ခတ်၊ ယူကရိန်းမြို့ကြီးတွေကို ရုရှားဆက်လက် ထိုးစစ်ဆင်၊ မြန်မာ့စီးပွားရေး အခြေအနေအပေါ် ကမ္ဘာ့ဘဏ်ရဲ့အကဲဖြတ်ချက်၊ စတဲ့သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာ အပတ်စဉ် အစီအစဉ်တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၇-၂၂-၂၀၂၂)
ယူကရိန်းနိုင်ငံထွက်ကောက်ပဲသီးနှံတွေကမ္ဘာတဝန်း တင်ပို့နိုင်အောင် ပိတ်ဆို့ထားတာတွေ ဖယ်ရှားမယ့်သဘောတူညီချက်ကို ယူကရိန်းနဲ့ ရုရှားအစိုးရကြားလက်မှတ်ရေးထိုးဖို့ရှိ၊ သီရိလင်္ကာမှာ သမ္မတရုံးရှေ့သပိတ်စခန်းကို ဖြိုခွဲအပြီး သမ္မတဟောင်း မဟာမိတ်ဖြစ်သူ ဝန်ကြီးချုပ်သစ်တက်၊ ဇန်နဝါရီလ ၆ ရက် အမေရိကန် လွှတ်တော် စီးနင်းခံနေရချိန် သမ္မတဟောင်း Donald Trump သုံးနာရီကျော်လောက် တီဗွီကနေ ထိုင်ကြည့်နေပြီး အရေးယူဖို့ပျက်ကွက်ခဲ့တဲ့ အကြောင်း စုံစမ်းစစ်ဆေးနေတဲ့ အောက်လွှတ်တော် ကော်မတီ အဖွဲ့ဝင်တွေပြော
ဗွီအိုအေ မြန်မာညချမ်း ဇူလိုင် ၂၂၊ ၂၀၂၂
ဂမ်ဘီယာစွဲချက်နဲ့ပတ်သက်လို့ မြန်မာဖက်က ကန့်ကွက်ချက်ကို ICJ က ပယ်ချပြီးဆက်လက်ကြားနာစစ်ဆေးဖို့ ဆုံးဖြတ်၊ မိုးရှုးစခန်းသုံးခုရုပ်သိမ်းမည်မဟုတ် စစ်ကောင်စီကို SSPP အကြောင်းပြန် စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ အမျိုးသမီး၊ သုတစုံလင်အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာအစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။