TV Schedule
ဗွီအိုအေရေဒီယိုမနက်ပိုင်း ဇွန် ၂၂၊ ၂၀၂၂
စစ်ကောင်စီ နယ်မြေရှင်းလင်းတဲ့ ချောင်းဦးမြို့နယ်မှာ အရပ်သားတချို့ အသတ်ခံရ၊ ရုရှားတပ်တွေ သိမ်းပိုက်ခဲ့တဲ့ Mariupol မြို့ကလူ့အခွင့်အရေး ချိုးဖောက်မှု၊ တာလီဘန်အုပ်ချုပ်မှုအောက် အာဖဂန် အမျိုးသမီးတွေရဲ့ဘ၀၊ ကိုဗစ်နောက်ဆက်တွဲ ကလေးတွေမှာ ကြုံရနိုင်တဲ့ ကျန်းမာရေးအန္တရာယ်၊ အပတ်စဉ်ကဏ္ဍမှာတော့ ဆိုရှယ်မီဒီယာပေါ်က လူကြည့်များသတင်းတိုများ၊ အမေရိကန်နိုင်ငံရေး၊ ISP မြင်ကွယ်ကျယ်မှတ်စုနဲ့ ကမ္ဘာတလွှားခရီးသွားအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၂၂-၂၀၂၂)
ယူကရိန်းကစစ်ရာဇဝတ်မှုများတာဝန်ခံမှုရှိရေး အဖွဲ့တစ်ဖွဲ့ ကို ဖွဲ့စည်းလိုက်တယ်လို့ အမေရိကန်တရားရေး ဌာနပြော၊အာဖဂန်နစ္စတန်နိုင်ငံ အရှေ့တောင်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ အနည်းဆုံး ၉၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၆၀၀ ကျော်၊အမေရိကန်တဝှမ်း ဓါတ်ဆီ ဒီဇယ်အပေါ် ကောက်ခံတဲ့ ဗဟိုအစိုးရ အခွန်တွေကို ဆိုင်းငံ့ပေးဖို့ သမ္မတ Biden က လွှတ်တော်ကို တောင်းဆိုဖို့ရှိ
ဗွီအိုအေရေဒီယိုညပိုင်း ဇွန် ၂၂၊ ၂၀၂၂
လက်ပံတောင်းတောင်အနီးက ကျေးရွာတွေ စစ်ကောင်စီတိုက်ခိုက်၊ စစ်ကိုင်းတိုင်းက မြို့နယ်အတော်များများမှာ စစ်ကောင်စီ အင်အားတိုး ထိုးစစ်ဆင်၊ ရခိုင်က ပြန်ပေးဆွဲခံပညာရေးဝန်ထမ်း ၂ ဦး လျော်ကြေးငွေနဲ့ ရွေးထုတ်ဖို့ ကြိုးစားနေ၊ ဒေါ်အောင်ဆန်းစုကြည်အမှုတွေကို နေပြည်တော်အကျဉ်းထောင်မှာ စစ်ဆေးတော့မည်၊ မြန်မာစစ်အာဏာသိမ်းပြီးနောက် သေဆုံးသူစာရင်း ရန်ကုန် ကန် သံရုံးထုတ်ပြန် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ လူထုနဲ့ကျန်းမာရေး၊ မြန်မာ့အရေးသုံးသပ်ချက်နဲ့ အားကစားကဏ္ဍတွေကို ထုတ်လွှင့်ပေးသွားမှာပါ။