TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း မေ ၂၂၊ ၂၀၂၂။
ယူကရိန်းနိုင်ငံ Mariupol က လက်ကျန် တိုက်ခိုက်ရေးသမားတွေကို ဖယ်ရှားပြီးကြောင်း ရုရှားက ကြေညာ၊ သြစတြေးလျ ရွေးကောက်ပွဲမှာ အတိုက်အခံ အနိုင်ရ၊ မကွေးမှာ စစ်ကြောင်းဝင်တာမှာ ဆိုးဆိုးရွားရွား လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲခံရ၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင် ကမ္ဘာ၊ တပတ် အတွင်း ထိပ်တန်းရောက် မြန်မာနဲ့ နိုင်ငံတကာ သတင်းများ စုစည်းချက်တွေကို ဒီမနက်ခင်းမှာ နားဆင်ရပါမယ်။
တနင်္ဂနွေနေ့ ဗွီအိုအေ တီဗွီမဂ္ဂဇင်း (မေ ၂၂ ရက်၊ ၂၀၂၂)
မိုးရာသီမှာ အဖြစ်များတဲ့ ဝမ်းပျက်ဝမ်းလျှောနဲ့ တုပ်ကွေးအကြောင်း လူထုနဲ့ကျန်းမာရေး၊ နယူးယောက်က ဖက်ရှင်ပြတိုက် ကမ္ဘာတလွှား ခရီးသွား၊ မကြေးမုံရဲ့ အင်္ဂလိပ်စာ၊ သတင်းထဲက သုတ၊ ဒါ့အပြင် ထူးခြားဆန်းပြားသတင်းများ အစီအစဉ်တွေကို ၂၀၂၂ မေလ ၂၂ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေရေဒီယိုညပိုင်း မေ ၂၂၊ ၂၀၂၂
ထိုင်းနိုင်ငံမှာ ၄ ရက်အတွင်း မြန်မာ ၇၀၀ နီးပါး ဖမ်းခံရ၊ အမရေိကန်-အာဆီယံ ထိပ်သီးစည်းဝေးပွဲအပေါ် သုံးသပ်ချက်၊ သမ္မတ Joe Biden ဂျပန်နိုင်ငံရောက် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ သတင်းထဲကသုတနဲ့ ထူးခြားဆန်းပြားသတင်းများတို့ကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။