TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဧပြီလ ၂၂ ရက် ၂၀၂၃
ယူကရိန်းနှံစားသီးနှံတင်ပို့မှု ဥရောပသမဂ္ဂ ၄ နိုင်ငံကပိတ်ပင်၊ PPST ငြိမ်းချမ်းရေးဖေါ်ဆောင်မှုအဖွဲ့ရဲ့ အာဆီယံနဲ့ လက်တွဲ ဆောင်ရွက်နိုင်ခြေ၊ အထောက်ထားမဲ့ မြန်မာ ၂၀ ကျော် ထိုင်းမှာ အဖမ်းခံရ။ အပတ်စဉ်တင်ဆက်နေကျ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာ
ဗွီအိုအေ တပတ်အတွင်းသတင်း၊ ဧပြီ ၂၂ ရက်၊ ၂၀၂၃
စစ်ကောင်စီအကြီးအကဲနဲ့ ထိုင်း နယ်စပ်လုံခြုံရေးဆွေးနွေး၊ ပဇီကြီးရွာ တိုက်ခိုက်မှု လူအမြောက်အများသေဆုံးပြီးနောက် စစ်တပ်လေကြောင်းနဲ့ မြေပြင် ထပ်ပြီးတိုက်ခိုက်ခဲ့၊ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု လျှောက်လဲချက်ပေးရမည့်ရက် အချိန်တလတိုးပေး၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေ၊ အစိုးရဈေးနဲ့ ဈေးကွက်ပေါက်ဈေး အထူးကွာဟနေတဲ့ ဆီဈေး၊ ပြီးတော့ လယ်ယာထွက်ကုန်ဈေးအတက်အကျ အစရှိတဲ့ လယ်ယာစီးပွားသတင်းတွေ၊ နောက်ပိုင်းမှာတော့ နှစ်စဉ်လူစည်ကားပျော်ရွှင်ခဲ့ကြတဲ့ သင်္ကြန်ပွဲတော် စစ်ကောင်စီအာဏာသိမ်းပြီး ၃ ကြိမ်မြောက်ဖြတ်သန်း၊ ဒီလို သတင်းထောက်မှတ်စုတို့ကို ၂၀၂၃ ဧပြီ ၂၂ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဧပြီ ၂၂၊ ၂၀၂၃)
စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင် ဒုညွှန်ချုပ် ပစ်သတ်ခံရ၊ မြန်မာ့အရေး အလွတ်ဆွေးနွေးပွဲ နယူးဒေလီမြို့မှာ ကျင်းပဖို့ပြင်၊ တိုက်ပွဲပြင်းထန်နေတဲ့ ဆူဒန်ကနေ သံတမန်တွေနဲ့ နိုင်ငံခြားသားတွေ ထွက်ခွာ စတဲ့သတင်းတွေနဲ့အတူ ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ အာရှနိုင်ငံရေး၊ လယ်ယာစီးပွားသတင်းများ၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။