TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း မတ်လ ၂၂၊ ၂၀၂၂။
ယူကရိန်းရဲ့ မာရီပိုလ်း မြို့ကို လက်နက်ချဖို့ ရုရှားရဲ့ ရာဇသံကို ယူကရိန်းဘက်က ငြင်းဆန်၊ အာဆီယံ ကိုယ်စားလှယ်ရဲ့ မြန်မာ ခရီးစဉ်ကို အတိုက်အခံ တချို့က ရှုတ်ချ၊ မြန်မာ စစ်တပ်ဟာ ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုန်း သတ်ဖြတ်မှု အဖြစ် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး Antony Blinken က ကြေညာလိုက်တဲ့ အကြောင်း၊ အပတ်စဉ် ကဏ္ဍတွေမှာတော့ စီးပွားရေး ၊ ဘလော့ဂါတွေ ပြောသမျှနဲ့ သက်တန့်ရောင် သတင်းလွှာတို့ကို နားဆင်ရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၃-၂၂-၂၀၂၂)
ရုရှားက အမေရိကန် အကျိုးစီးပွားထိခိုက်အောင် ဆိုက်ဘာ တိုက်ခိုက်တာတွေ လုပ်လာနိုင်တယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်သတိပေး၊ ရိုဟင်ဂျာ လူမျိုးတုန်း သတ်ဖြတ်မှုမြောက်တယ်လို့ အမေရိကန်အစိုးရက သတ်မှတ် ကြေညာတာကို မြန်မာစစ်ကောင်စီပယ်ချ၊ ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု မြောက်တယ် မမြောက်ဘူးဆိုတဲ့ ကိစ္စ အတိအကျ သတ်မှတ်ဖို့ ကုလသမဂ္ဂ အနေနဲ့ တရားရေးဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ လုပ်ထုံးလုပ်နည်းအရ ဆုံးဖြတ်မှာဖြစ်ကြောင်း ကုလအတွင်းရေးမှူးချုပ်ရုံးပြော
ဗွီအိုအေ ရေဒီယို ညပိုင်း မတ်၂၂၊၂၀၂၂
အာဆီယံအထူးကိုယ်စားလှယ် မြန်မာ့နိုင်ငံရေးပါတီတချို့နဲ့တွေ့ဆုံ၊ Facebookပေါ် အမုန်းစကားများမထိန်းချုပ်နိုင်သေးဟု Global Witness ထုတ်ပြန်၊ မြန်မာစစ်ခေါင်းဆောင်တွေကို စစ်ရာဇဝတ်မှုနဲ့ ဩစတေးလျမှာတရားစွဲဖို့ NUG ပြင်ဆင်.. စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ကမ္ဘာတလွှားခရီးသွား၊ အမေရိကန်နိုင်ငံရေးနဲ့ အင်္ဂါနေ့ည စကားဝိုင်းအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။