TV Schedule
ဖေဖော်ဝါရီ ၂၂၊ ၂၀၂၃ ဗွီအိုအေ မြန်မာနံနက်ခင်း
ယူကရိန်းကို ဆက်လက်ကူညီဖို့ အမေရိကန် ကတိပြု၊ မြန်မာနယ်စပ်အနီး မူးယစ်ဆေးအများအပြား ထိုင်းဖမ်းဆီးရမိ စတဲ့သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ အမေရိကန်နိုင်ငံရေး၊ ဆိုရှယ်မီဒီယာပေါ်က လူကြည့်များသတင်း၊ ကမ္ဘာတလွှားခရိးသွား၊ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို နားဆင်ကြည့်ရှုရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဖေဖော်ဝါရီ ၂၂၊ ၂၀၂၃)
နေတိုး အရှေ့ဘက်ခြမ်း က မဟာမိတ်နိုင်ငံ ခေါင်းဆောင်တွေ နဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် က ဗုဒ္ဓဟူးနေ့ မှာ တွေ့ဆုံဖို့ ရှိပါတယ်။ပိုလန်နိုင်ငံမှာ ဂျာမနီထုတ် Leopard 2 တင့်ကားတွေနဲ့ ယူကရိန်းတပ်သားတွေကို လေ့ကျင့်ပေးနေပါတယ်။မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို ထောက်ခံတဲ့အတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်တဲ့အကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကပြောကြား ....စတဲ့သတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေကိုပါ တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း ဖေဖောဝါရီ ၂၂ ၊ ၂၀၂၃
အာဆီယံဘုံသဘောထားထောက်ခံမှု တရုတ်ကို အင်ဒိုကျေးဇူးစကားဆို၊ KNU နယ်မြေ အများအပြားမှာ တိုက်ပွဲတွေပြင်းထန်၊ အရပ်သားသေဆုံးမှုတွေရှိ၊ မြန်မာမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေကြောင့် တနေ့ကို လူတဦးသေဆုံးနေ စတာတွေနဲ့ အပတ်စဉ် မြန်မာ့အရေးသုံးသပ်ချက်၊ လူထုနဲ့ကျန်းမာရေး၊ အားကစားကဏ္ဍတို့ကို နားဆင်ရမှာပါ။