TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (အောက်တိုဘာ ၂၂၊ ၂၀၂၃)
ဂါဇာအရေး ဆွေးနွေးတဲ့ ကိုင်ရို ထိပ်သီးဆွေးနွေးပွဲ အဖြေမထွက်၊ ဂါဇာအတွက် စာနာမှုအကူအညီတွေ လမ်းပွင့်သွားတဲ့အပေါ် အမေရိကန် သမ္မတ ကြိုဆို၊ ပြည်ပမှာ တိမ်းရှောင်နေတဲ့ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း Sharif ပြည်တော်ပြန် စတဲ့ နောက်ဆုံးရ သတင်းတွေအပြင် အပတ်စဥ် ကဏ္ဍတွေကို စုစည်း တင်ဆက်ထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (အောက်တိုဘာ ၂၂ ရက်၊ ၂၀၂၃)
ပန်းချီဆွဲတဲ့ ဉာဏ်ရည်တု စက်ရုပ်လက်များ၊ အသက် ၉၀ ကျော်မှ မူလတန်းကျောင်းတက် စာတတ်အောင်သင်တဲ့ အဘွားအိုရဲ့ မလျှော့တဲ့ ဇွဲ၊ ဒီလို ထူးခြားဆန်းပြားသတင်းတွေ၊ လူငယ်တွေနဲ့ စကားပြောထားတဲ့ GenZ အစီအစဉ်သစ်၊ နောက်တော့ ထိုင်းမှာ လူထုအတွက် ကုန်ဈေးနှုန်း မတက်အောင် ဘာတွေ လုပ်ပေးနေလဲဆိုတာ နေရာပေါင်းစုံအကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ အောက်တိုဘာ ၂၂၊ တနင်္ဂနွေ ဗွီအိုအေတီဗွီ မဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (အောက်တိုဘာ ၂၂၊ ၂၀၂၃)
ဂါဇာ၊ ဆီးရီးယားနဲ့ လက်ဘနွန်နယ်စပ် အစ္စရေး လေကြောင်းကတိုက်ခိုက်၊ အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေ ခိုင်းစေခံခဲ့ရသူ ထိုင်း ၁၂၀ မြန်မာနိုင်ငံက ပြန်ပို့ဖို့စီစဉ် စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။