TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(ဇန်နဝါရီ ၂၂၊၂၀၂၄)
အပစ်ရပ်ရေးဟာမတ်အဆိုပြုချက်များ အစ္စရေးပယ်ချ၊ လက်နက်ကြီးပစ်ခတ်မှု ဘီးလင်းမြို့ တက်တူကုန်းရွာခံ ၃ ဦး သေဆုံး စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ မြန်မာ့ဒီမိုကရေစီရေး၊ကမ္ဘာ့မြန်မာမီဒီယာမြင်ကွင်း၊မြင်ကွင်းကျယ်မှတ်စု၊မြန်မာပြည်မှပေးစာများ၊ထူးခြားဆန်းပြားသတင်းများတို့ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇန်နဝါရီ ၂၂၊ ၂၀၂၄)
ဂါဇာကမ်းမြောင်မှာ ဟာမတ်စ်တွေအပေါ် အစ္စရေးက တိုက်ခိုက်နေပုံဟာ မျိုးဆက်သစ်တွေကြား အမုန်းတရားတွေ အမြစ်တွယ်စေနိုင်တယ်လို့ အီးယူ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ ဝေဖန်၊ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နဲ့ မဘိမ်းမြို့တွေကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ မြေပြိုမှုကြောင့် လူ ၈ ယောက် သေဆုံးပြီး ဒါဇင်နဲ့ချီ ပိတ်မိ စတဲ့ နောက်ဆုံးရသတင်းနဲ့ သတင်းဆောင်းပါးတွေ၊ အပတ်စဥ် အစီအစဥ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဇန်နဝါရီ ၂၂၊ ၂၀၂၄)
ဂါဇာဒေသက အစ္စရေးစစ်ဆင်ရေး EU နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ သတိပေး၊ မိုးမိတ်တိုက်ပွဲအတွင်း မြို့ခံအများအပြားသေဆုံး စတာတွေအပြင် မြန်မာနိုင်ငံ လူထုကျန်းမာရေး စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ တွေ့ဆုံမေးမြန်းခန်း၊ စီးပွားရေး၊ လူမှုရှုခင်း သီတင်းပတ်စဉ် အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။