TV Schedule
ဗွီအိုအေ မြန်မာမနက်ခင်း (ဇန္နဝါရီ ၂၁၊ ၂၀၂၃)
ယူကရိန်းကို Leopard တင့်ကားတွေမပေးသေးတဲ့အတွက်ဂျာမဏီကို ဥရောပနိုင်ငံတချို့ဝေဘန်၊ မူးယစ်တိုက်ဖျက်ရေး အရှိန်မြှင့်ဖို့ ထိုင်း-မြန်မာစစ်တပ်ချင်း သဘောတူ၊ ဘော်လခဲအနီးက စကစ စခန်းကို ကရင်နီပူးပေါင်းတပ်တွေသိမ်း၊ စတဲ့သတင်းနဲ့သတင်းပေးပို့ချက်တွေအပြင်၊ ဒို့အသံ၊ ဒီမိုကရေစီလူ့အခွင့်အရေးနှင့်ခေတ်ပြိုင်ကမ္ဘာ၊ တပတ်အတွင်း မြန်မာသတင်းနဲ့ လယ်ယာစီးပွား စတဲ့အပတ်စဉ်ကဏ္ဍတွေကိုလည်းကြည့်ရှုနားဆင်ရပါမယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ ဒီဇင်ဘာ ၂၂ ရက်၊ ၂၀၂၂
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ ဒီဇင်ဘာ ၂၁ ရက်၊ ၂၀၂၂ မက်ဆီ မစင်စွန့်တဲ့ပုံ အရုပ်ကလေးများ စပိန်မှာ ရောင်းကောင်း၊ ရေခဲပြင်ပေါ်က အိမ်သာမ အပြေးပြိုင်ပွဲ၊ ဒီလိုထူးခြားဆန်းပြား သတင်းများ၊ သတိထားရမယ့် ခေါင်းကိုက်ဝေဒနာ လက္ခဏာများအကြောင်း လူထုနဲ့ကျန်းမာရေး၊ နောက်တော့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံနဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအကြောင်း သီးသန့်တွေ့ဆုံမေးမြန်းခန်း၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ ဇန်နဝါရီ ၂၂ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း ဇန်နဝါရီ ၂၂ ၊ ၂၀၂၃
မြန်မာနဲ့ နိုင်ငံတကာမှာ တရုတ်နှစ်ကူးပွဲကျင်းပ၊ စစ်ကောင်စီရွေးကောက်ပွဲ အသိအမှတ်မပြုကြောင်း ကန် နိုင်ငံခြားရေးဌာနအတိုင်ပင်ခံပြော စတာတွေနဲ့ အပတ်စဉ်ကဏ္ဍဖြစ်တဲ့ ဒီမိုကရေစီရေးရာဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့မီဒီယာမြင်ကွင်း၊ ISP မြန်မာရဲ့ မြင်ကွင်းကျယ်မှတ်စုများနဲ့ ထူးခြားဆန်းပြား သတင်းများ စတာတွေ နားဆင်ရမှာပါ။