TV Schedule
၁၉:၀၀ - ၁၉:၂၉
နေ့စဉ် တီဗွီသတင်းလွှာ (၀၁-၂၂-၂၀၂၀)
- သမ္မတ Donald Trump အပေါ် တရားစွဲတဲ့ ကြားနာစစ်ဆေးမယ့် လုပ်ငန်းစဉ် စည်းမျဉ်းတွေကို အထက်လွှတ်တော်မှာ အပြင်းအထန် ဆွေးနွေးပြီး မဲခွဲအတည်ပြုလိုက်ပါတယ်။ - တရုတ်နိုင်ငံနဲ့ တခြားနိုင်ငံတွေမှာပါ လူပေါင်းရာချီ ကူးစက်ခံနေရတဲ့ corona ဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အရေးပေါ် အစည်းအဝေး ခေါ်ယူထားပါတယ်။ - နျူကလီးယားနဲ့ မစ်ဇိုင်းဒုံးစမ်းသပ်မှုတွေ ဆိုင်းငံ့ဖို့ ကတိပြုထားတာတွေကို ဆက်လက် လိုက်နာတော့မှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြောဆိုလိုက်ပါတယ်။