TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း ဇူလိုင် ၂၁၊၂၀၂၃
ဗွီအိုအေမြန်မာနံနက်ခင်း ဇူလိုင် ၂၁၊၂၀၂၃ နောက်ထပ် မြန်မာစစ်ကောင်စီနွယ် လူပုဂ္ဂိုလ် ၆ ဦးနဲ့ သတ္တုတွင်းဌာနကို EU အရေးယူ၊ မြန်မာဆီက မြေရှားသတ္တုများ တရုတ်တိုးမြှင့်ဝယ်ယူစတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ မြန်မာ့အရေးသုံးသပ်ချက်၊ကျန်းမာရေးနဲ့တိုင်းရင်းသတင်းလွှာတွေ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇူလိုင် ၂၁၊ ၂၀၂၃)
မြောက်ကိုရီးယားဘက် နယ်စပ်ဖြတ်ပြေးဝင်သွားတဲ့ အမေရိကန်တပ်သားအတွက် အဆက်အသွယ်ရနိုင်ဖို့ အမေရိကန်က နည်းပေါင်းစုံနဲ့ ကြိုးစား၊ တနင်္ဂနွေနေ့ ရွေးကောက်ပွဲကျင်းပတော့မယ့် ကမ္ဘောဒီးယားနိုင်ငံ Phnom Penh မြို့မှာ လက်ရှိအာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီဝင်တွေ မဲဆွယ်၊ ကမ္ဘာ့ဖလား အမျိုးသမီး ပြိုင်ပွဲမှာ ဒီနေ့ အမေရိကန်နဲ့ ဗီယက်နမ်အသင်း ယှဉ်ပြိုင်မည်
ဗွီအိုအေ မြန်မာညချမ်း၊ ဇူလိုင် ၂၁၊ ၂၀၂၂
စစ်တပ်ဝင်တဲ့ စုန်းချောင်းရွာမှာ ၁၄ ယောက်ထက်မနည်း သတ်ခံရ၊ မြန်မာနိုင်ငံမှာ ကွပ်မျက်ခံရသူတွေအတွက် တရားမျှတမှု APHR တောင်းဆို၊ မလေးရှားသင်္ဘောမှောက်မှု ပျောက်ဆုံးသူတွေထဲ မြန်မာ ၄ ဦးပါ၊ အမေရိကန်ပါဝင်တဲ့ အကြီးမားဆုံးစစ်ရေးလေ့ကျင့်မှုစတင်၊ အမျိုးသမီး ကမ္ဘာ့ဖလား ဆွစ်ဇာလန် နဲ့စပိန် ပွဲဦးထွက်အနိုင်ရ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။