TV Schedule
ဇူလိုင် ၂၁၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
လက်နက်အကူအညီပေးဖို့ ယူကရိန်းသမ္မတကတော် အမေရိကန်လွှတ်တော်မှာတောင်းခံ၊ ရုရှားက ဓာတ်ငွေ့ဖြတ်မယ့်အရေး အီးယူပြင်ဆင်၊ ဒေါ်လာငွေလဲနှုန်း မြင့်တက်မှု မြန်မာဈေးကွက်အပေါ်ရိုက်ခတ်၊ စတဲ့သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင် အပတ်စဉ်ကဏ္ဍတွေ ဖြစ်ကြတဲ့ သတင်းသုံးသပ်ချက်၊ လူထုနဲ့ကျန်းမာရေး၊ အားကစားအစီအစဉ် တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇူလိုင် ၂၁၊ ၂၀၂၂)
ရုရှားကနေ ဥရောပကို ဓာတ်ငွေ့ တင်ပို့တဲ့ Nord Stream သဘာဝဓာတ်ငွေ့ ပိုက်လိုင်းယာယီ ပိတ်ထားခဲ့ပြီးတဲ့နောက်ဒီကနေ့ရုရှားပြန်ဖွင့်၊ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုတွေ အတွင်း ထိခိုက် သေဆုံးခဲ့သူတွေရဲ့ ပုံတွေကို ပြပြီး ယူကရိန်း သမ္မတကတော် Olena Zelenska အမေရိကန်လွှတ်တော်မှာ မိန့်ခွန်းပြော၊ မြန်မာ့စီးပွားရေး အားနည်းနေပြီး ပြုပြင်ပြောင်းလဲရေးတွေ နောက်ပြန်ဆုတ်သွားတဲ့အတွက် အနာဂတ်အလားအလာ မကောင်းဘူးလို့ ကမ္ဘာဘဏ်ထုတ်ပြန်
ဗွီအိုအေ မြန်မာညချမ်း၊ ဇူလိုင် ၂၁၊ ၂၀၂၂
ကချင် ဝိုင်းမော်မြို့နယ်တွင်း တနေ့တည်း တိုက်ပွဲသုံးကြိမ်ဖြစ်ပွား၊ ဖလမ်း-ဟားခါးလမ်း စစ်ပြေးဒုက္ခသည်များနေရပ်ပြန်ဖို့ ခက်ခဲ၊ ငွေလဲနှုန်းကြောင့် တရုတ်နယ်စပ်ကုန်သွယ်ရေး မြန်မာကုန်သည်တွေအခက်ကြုံ.. စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍမှာတော့ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။