TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(မေ ၂၁၊၂၀၂၄)
ဗွီအိုအေမြန်မာနံနက်ခင်း(မေ ၂၁၊၂၀၂၄) အီရန်သမ္မတသေဆုံးမှု ဝမ်းနည်းကြေကွဲကြောင်း ကန်ဖော်ပြ၊ "မြဝတီမြို့တိုက်ပွဲမှာ BGF တပ်က စစ်ကောင်စီဘက်မှ ရပ်ခံခဲ့" KNU ပြောခွင့်ရသူပြောဆို စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ မေးမြန်းခန်း၊ စီးပွားရေး၊ လူမှုရှုခင်း၊ သက်တံရောင်သတင်းလွှာတို့ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (မေ ၂၁၊ ၂၀၂၄)
ရဟတ်ယာဥ်ပျက်ကျပြီး ကွယ်လွန်သွားတဲ့ အီရန်သမ္မတ Ebrahim Raisi နဲ့ သူ့ရဲ့အဖွဲ့ဝင် ၇ ဦးရဲ့ စျာပနာကို အီရန်ပြည်သူ သောင်းနဲ့ချီ တက်ရောက်ပါတယ်။ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu နဲ့ ကာကွယ်ရေးဝန်ကြီး Yoav Gallant တို့ကို စစ်ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာ ပြစ်မှုဆိုင်ရာခုံရုံး ICC ရှေ့နေတွေက ကြိုးပမ်းနေတာဟာ စက်ဆုပ်ဖွယ်ရာ ကောင်းတယ်လို့ အစ္စရေးကာကွယ်ရေး ဝန်ကြီး က ပြောဆိုလိုက်ပါတယ်။တရုတ်မြန်မာနယ်စပ် ကုန်သွယ်ရေးဟာ ပြီးခဲ့တဲ့ နှစ်နဲ့နှိုင်းယှဉ်ရင် အမေရိကန် ဒေါ်လာ ၁၂၇ သန်း ကျော် ကျဆင်းသွားတဲ့အကြောင်း စစ်ကောင်စီ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဖေါ်ပြပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (မေလ ၂၁ ရက်၊၂၀၂၄)
ရခိုင်ပြည်နယ် စစ်ပွဲတွေကြား အရပ်သားတွေ ထိခိုက်မှု ကုလစိုးရိမ်၊ ကချင်ပြည်နယ်၊ ဝိုင်းမော် တိုက်ပွဲတွေကြား အရပ်သားတချို့ ထိခိုက်သေဆုံး စတာတွေအပြင် မြေကြီးသြဇာ၊ မြန်မာနဲ့ ယူကရိန်း နှိုင်းယှဉ်ချက်၊ အမေရိကန်နိုင်ငံရေး၊ ကမ္ဘာတလွှား ခရီးသွား အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။