TV Schedule
၂၀၂၂ မေလ(၂၁)ရက် စနေနေ့ မနက်ခင်း VOA
ထိပ်တန်းရောက်သတင်း - မြန်မာနိုင်ငံ စားနပ်ရိက္ခာ ဖူလုံမှုပြဿနာ လုံခြုံရေးကောင်စီမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြ ၊ သမ္မတဘိုင်ဒင် အာရှရောက်နေချိန် တောင်တရုတ်ပင်လယ်မှာ တရုတ်စစ်ရေးလေ့ကျင့် ၊ ယူကရိန်းအရှေ့ပိုင်းမှာ ရုရှားထိုးစစ် အရှိန်မြှင့် ။ သတင်းပေးပို့ချက် - စစ်ကောင်စီဥက္ကဋ္ဌနဲ့ RCSS ခေါင်းဆောင် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေး၊ စစ်ကိုင်းတိုင်း ခင်ဦး နဲ့ ဒီပဲယင်းမြို့နယ်တွေမှာ ရွာတွေမီးရှို့ခံရ၊ မော်လမြိုင်ဖက်မှာ ကုန်းတွင်းမုန်တိုင်းဝင်ရောက် ။ အပတ်စဉ်ကဏ္ဍ - အမျိုးသမီးကဏ္ဍ ၊ သုတစုံလင် အမေရိကန် တခွင် ၊ သိပ္ပံနဲ့ နည်းပညာ
ဗွီအိုအေ တပတ်အတွင်းသတင်း (မေလ ၂၁ ရက်၊ ၂၀၂၂)
NUG နိုင်ငံခြားရေးဝန်ကြီး ကန်အမတ်တွေနဲ့ မြန်မာ့အရေးဆွေးနွေး၊ အမေရိကန်သမ္မတ ဘိုင်ဒန် တောင်ကိုရီးယား၊ ဂျပန်သွားရောက်၊ ဒီလို မြန်မာနဲ့ကမ္ဘာ တပတ်အတွင်း သတင်းစုစည်း တင်ပြချက်နဲ့ သတင်းထောက်မှတ်စု၊ ဒါတွေကို ၂၀၂၂ မေလ ၂၁ ရက် စနေ၊ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေရေဒီယိုညပိုင်း မေ၂၁၊၂၀၂၂
ရိုဟင်ဂျာဒုက္ခသည်တွေအတွက် EU ယူရို၂၂သန်း ထပ်မံကူညီ၊ ကန်နဲ့ တောင်ကိုရီယားသမ္မတနှစ်ဦး စစ်ရေးပူးပေါင်းမှုမြှင့်ဖို့ဆွေးနွေး၊ ဩစတေးလျရွေးကောက်ပွဲ အတိုက်အခံခေါင်းဆောင်အသာရ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ခေတ်ပြိုင်ကမ္ဘာ၊ တပတ်အတွင်းမြန်မာနဲ့ နိုင်ငံတကာသတင်းတွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။