TV Schedule
၂၀၂၂ ခု မတ်လ(၂၁)ရက် တနင်္လာ မနက်ခင်း VOA
၂၀၂၂ ခု မတ်လ(၂၁)ရက် တနင်္လာ မနက်ခင်း VOA - အစီအစဉ်မှာတော့ သမ္မတပူတင်နဲ့ ဆွေးနွေးဖို့ ယူကရိန်းသမ္မတ အဆင်သင့်ရှိ၊ ယူကရိန်းအပေါ် အကြမ်းဖက်ကျူးကျော်မှု ပုပ်ရဟန်းမင်းကြီး ရှုတ်ချ ၊ အာစီယံ အထူးကိုယ်စားလှယ် မြန်မာခရီးစဉ် တနင်္လာနေ့ စတင်မယ့် ထိပ်တန်းသတင်းတွေနဲ့အတူ ဒီခရီးပေါ် ကြိုတင်သုံးသပ်ချက်၊ စစ်ကောင်စီ လေကြောင်းရန် ညောင်လေးပင် (၁၇) ရွာသားတွေ တိမ်းရှောင်ပြေးနေရတဲ့ အခြေအနေ သတင်းပေးပို့ချက်တွေ တင်ပြထားပါတယ်။ ကမ္ဘာ့ မြန်မာ့ မီဒီယာမြင်ကွင်း၊ သောတရှင်ပေးစာ ၊ သတင်းထဲကသုတ၊ ထူးခြားဆန်းပြား သတင်းများအစီအစဉ်တွေကိုလည်း နားဆင်ရမှာပါ။
နေ့စဉ် တီဗွီသတင်းလွှာ (၀၃-၂၁-၂၀၂၂)
မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေ အပေါ် နှစ်ပေါင်းများစွာ ညှဉ်းပန်းနှိပ်စက်မှုတွေဟာ genocide လူမျိုးတုန်း သတ်ဖြတ်မှုမြောက်တယ်ဆိုပြီး အမေရိကန် Biden အစိုးရအဖွဲ့က ဒီကနေ့ တရားဝင် သတ်မှတ်ဖို့ ရှိ၊ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို ရောက်နေပြီး မြန်မာ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့၊ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ နိုင်ငံရေးအရ အထိန်းသိမ်းခံထားရသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီ နည်းကျ နိုင်ငံရေးစနစ်နဲ့ အခြေအနေ ပုံမှန်ပြန်ဖြစ်ဖို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida တို့ တောင်းဆို