TV Schedule
ဖေဖော်ဝါရီ ၂၁၊ ၂၀၂၃ ဗွီအိုအေ မြန်မာနံနက်ခင်း
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ယူကရိန်းကို ရုတ်တရက်သွားရောက်၊ မြန်မာစစ်ဖက် အရပ်ဖက် တာဝန်ရှိသူတွေကို EU ဒဏ်ခတ်အရေးယူ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ မေးမြန်းခန်း စတာတွေနဲ့အတူ စီးပွားရေး၊ လူမှုရှုခင်း အပတ်စဉ် အစီအစဉ်တွေကိုလည်း တင်ပြမှာဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဖေဖော်ဝါရီ ၂၁၊ ၂၀၂၃)
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် ဟာ ပိုလန် သမ္မတ Andrzej Duda နဲ့ တွေ့ဆုံဖို့ ရှိပြီး၊ ဝါဆောမြို့ တော်ဝင် ရဲတိုက် ရဲ့ မြက်ခင်းပြင် မှာ မိန့်ခွန်း ပြောဖို့ ရှိပါတယ်။ တူရကီနဲ့ ဆီးရီးယားနယ်စပ်မှာ မနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့က ထပ်မံလှုပ်ခဲ့တဲ့ ပြင်းအား ၆.၄ ရှိတဲ့ ငလျင်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၈ ဦး ရှိသွားပါပြီမြောက်ကိုရီးယားအပေါ် အရေးယူနိုင်ရေး ကြိုးပမ်းမှုတွေကို ရုရှားနဲ့ တရုတ်နိုင်ငံက ကန့်ကွက်ခဲ့ပေမဲ့လည်း နောက်ဆုံး မစ်ဇိုင်းဒုံးကျည်ပစ်ခတ်ခဲ့တဲ့ ကိစ္စမှာတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဘက်က တညီတညွတ်တည်း တုံ့ပြန်နိုင်အောင် ကြိုးစားသွားနေတဲ့အကြောင်း အမေရိကန်ကပြော ....စတဲ့သတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေကိုပါ တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း ဖေဖော်ဝါရီ ၂၁ ၊ ၂၀၂၃
နိုင်ငံကူးလက်မှတ်လျှောက်ထားမှုများ ဖေဖော်ဝါရီမကုန်ခင်ခွင့်ပြုဖွယ်ရှိ၊ ကန့်ဘလူနယ်မှာ PDF မြေမြှုပ်မိုင်းရှင်းလင်း၊ မင်းကင်းအနီး တိုက်ပွဲပြင်းထန် စတာတွေနဲ့ အပတ်စဉ်ကဏ္ဍဖြစ်တဲ့ အမေရိနိုင်ငံရေးအကြောင်း၊ ဆိုရှယ်မီဒီယာပေါ်က လူကြည့်များတဲ့ တမိနစ်သတင်းတိုလေးတွေနဲ့ ရေပေါင်းစုံ အကြောင်းစုံတို့ကို နားဆင်ရမှာပါ။