သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TV Schedule

၁၉:၀၀ - ၁၉:၃၀

နေ့စဉ် တီဗွီသတင်းလွှာ (ဒီဇင်ဘာ ၂၁၊ ၂၀၂၂)

ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ ဒီကနေ့ ဒီဇင်ဘာ ၂၁ ရက်နေ့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိမှာဖြစ်ပြီး လွှတ်တော် နှစ်ရပ်ပေါင်းရှေ့မှာ မိန့်ခွန်းပြောကြားဖို့ရှိသလို အိမ်ဖြူတော်မှာ သမ္မတ Joe Biden နဲ့လည်း တွေ့ဆုံပါလိမ့်မယ်။အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်းစုတွေနားမှာ ရိုဟင်ဂျာ အယောက် ၁၀၀ လောက် အနည်းဆုံးပါဝင်တဲ့ လှေတစင်း သောင်တင်နေပြီး လှေပေါ်မှာပါလာသူ ၁၆ ယောက်ကနေ အယောက် ၂၀ လောက် သေဆုံးသွားနိုင်ကြောင်း ရိုဟင်ဂျာအရေး လှုပ်ရှားတဲ့ အဖွဲ့၂ခုက ပြောပါတယ်။အာဖဂန်နစ္စတန်နိုင်ငံ တက္ကသိုလ် ကောလိပ်ကျောင်းတွေမှာ မိန်းကလေးတွေကို တက်ရောက် ပညာသင်ကြားခွင့် တာလီဘန်တွေက ပိတ်ပင်လိုက်တဲ့အပေါ် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ရှုတ်ချလိုက်တဲ့ သတင်းတွေအပါအဝင် ဆက်သွယ်မေးမြန်းခန်းတွေကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။

XS
SM
MD
LG