TV Schedule
ဗွီအိုအေ မြန်မာ မနက်ခင်း (အောက်တိုဘာလ ၂၁ ရက် ၂၀၂၃)
ဗွီအိုအေ မြန်မာ မနက်ခင်း (အောက်တိုဘာလ ၂၁ ရက် ၂၀၂၃) ဖမ်းဆီးထားတဲ့ ဓားစာခံတွေထဲက အမေရိကန် သားအမိ (၂)ယောက်ကို ဟာမတ်(စ်)တို့ ပြန်လွှတ်၊ စာနာမှုအကူအညီတင်ဆောင်လာတဲ့ ကားတွေ ဂါဇါကို မဝင်ရောက်နိုင်သေး စတဲ့ သတင်းတွေနဲ့အတူ၊ အမျိုးသမီးကဏ္ဍ၊ သုတစုံလင်အမေရိကန်တခွင် သိပ္ပံနဲ့နည်းပညာ စတဲ့ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်မှာဖြစ်ပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း (အောက်တိုဘာ ၂၁ ရက်၊ ၂၀၂၃)
လိုင်ဇာအနီး စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်မှု စစ်ရာဇဝတ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေပြော၊ ပြည်ပမှာ အလုပ်လုပ်သူတွေ ဝင်ငွေခွန် ဆောင်ထားမှ သက်တမ်းတိုးလို့ ရ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းများ၊ လယ်ယာစီးပွားသတင်းတွေ၊ နောက် စစ်ရေးပဋိပက္ခ ပိုဆိုးလာလို့ လူသန်းပေါင်းများစွာ အိုးအိမ်ပျောက်ချိန် စစ်ကောင်စီ NCA နှစ်ပတ်လည်ကျင်းပ သတင်းထောက်မှတ်စုတို့ကို ၂၀၂၃၊ အောက်တိုဘာ ၂၁ စနေ၊ ဗွီအိုအေ တပတ်အတွင်းသတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း၊ အောက်တိုဘာ ၂၁ ၊ ၂၀၂၃
ဆေးဝါး အစားအသောက်အကူအညီတွေ ဂါဇာကမ်းမြောင်ထဲ စတင်ဝင်ရောက်၊ Hamas လက်က ပြန်လွတ်လာသူဆယ်ကျော်သက် ကျန်းမာလို့ ဖခင်ပြောကြား၊ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအတွက် ကိုင်ရိုမှာ ထိပ်သီးစည်းဝေး၊ စစ်ကောင်စီကိုအရေးယူရေးတောင်းဆိုချက်ထိရောက်ဖို့ လှုပ်ရှားသူတွေ မျှော်လင့် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။