TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဇန်နဝါရီ ၂၁ ရက် ၂၀၂၃ စနေနေ့
မွန်ပြည်နယ်တွင်း ဒေသခံတချို့ထွက်ပြေးတိမ်းရှောင် နေရတာ၊ အာဆီယံဟာ မြန်မာ့အရေးတခုတည်းကိုပဲ ဆောင်ရွက်ဖို့ မဟုတ်ဖူးလို့ အင်ဒိုနီးရှား အာဆီယံ တာဝန်ရှိသူက ပြောတာ၊ သီရိလင်္ကာ ဘဏ္ဍာအကြပ်အတည်း ပြေလည်ရေး အိန္ဒိယက ကူညီတဲ့ သတင်းတွေနဲ့အတူ အပတ်စဉ်တင်ဆက်နေကျ အမျိုးသမီးကဏ္ဍ၊ အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍတွေကို တင်ပြပေးဖို့ရှိပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း၊ ဇန်နဝါရီ ၂၁ ရက်၊ ၂၀၂၃
စစ်ကောင်စီက အာဏာသိမ်းဖမ်းဆီးထားတဲ့ သမ္မတ ဦးဝင်မြင့်ကို တောင်ငူထောင်ရွှေ့၊ စစ်ကောင်စီ ကာလုံခေါ်ပြီးနောက် ရွေးကောက်ပွဲအစီအစဉ် ထုတ်ပြန်ဖို့ရှိ၊ ဒီလို တပတ်အတွင်းမြန်မာသတင်းများနဲ့ လယ်ယာစီးပွားသတင်းတွေ၊ နောက်ပိုင်းမှာတော့ လူစာရင်းလိုက်ကောက်နေတာတွေကို လူထုနဲ့ ပါတီတွေ ဘယ်လိုမြင်ပါလဲဆိုတဲ့ သတင်းထောက်မှတ်စုတို့ကို ၂၀၂၃ ဇန်နဝါရီ ၂၁ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဇန်နဝါရီ ၂၁၊ ၂၀၂၃)
ကားထိုင်ခုံ ခါးပတ်မတပ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဒဏ်ငွေရိုက်ခံရ၊ သမ္မတရှီ နှစ်သစ်ကူးမိန့်ခွန်း အမေရိကန်ကို သွယ်ဝိုက်သတိပေး၊ ဒီကေဘီအေ ဗိုလ်မှူးကြီး စောအေ၀မ်း နေအိမ် ဗုံးကျဲ တိုက်ခိုက်ခံရ တဲ့သတင်းတွေအပြင် ထောင်တွင်း ဆေးဝါးကုသမှု ငြင်းပယ်ခံရမှုတွေ အကြောင်း ဒို့အသံ နဲ့ စနေ့ည အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။