TV Schedule
၁၉:၀၀ - ၁၉:၂၉
နေ့စဉ် တီဗွီသတင်းလွှာ (၀၁-၂၁-၂၀၂၀)
- သမ္မတ Donald Trump ကို တရားစွဲဆိုရေး အထက်လွှတ်တော်ရဲ့ ကြားနာမှုတွေကို ဒီကနေ့ စတင်ကျင်းပမှာပါ။ - တရုတ်နိုင်ငံမှ Corona ဗိုင်းရပ် ကူးစက်ခံရတဲ့ လူနာပေါင်း သုံးရာနီးပါး ရှိသွားပြီလို့ တရုတ်အစိုးရသတင်းက ကြေညာပါတယ်။ - အမေရိကန် ပြည်ထောင်စုက သေနတ်ကိုင်ဆောင်ခွင့်ကို ထောက်ခံတဲ့ တက်ကြွလှုပ်ရှားသူတွေ ဗာဂျီးနီးယားပြည်နယ်မှာ တနလာင်္နေ့က စုဝေးပြီး သေနတ်ကိုင်ဆောင်ခွင့်ထိန်းချုပ်ရေး ဥပဒေ အဆိုပြုချက်တွေကို ကန့်ကွက်ခဲ့ကြပါတယ်။