TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း သြဂုတ် ၂၀ ရက် ၂၀၂၃
ဗွီအိုအေ မြန်မာနံနက်ခင်း သြဂုတ်လ ၂၀ ရက် ၂၀၂၃ ကျောက်ကြီးမြို့နယ်တွင်း ပစ်ခတ်မှုကြောင့် အရပ်သား ၆ ဦးသေဆုံးရတာ၊ မြန်မာလူသားစာနာမှုအကူညီပေးသူတွေကို UNOCHA ဂုဏ်ပြုတာနဲ့ အင်္ဂလန်နဲ့ စပိန်ရဲ့ ကမ္ဘာဖလားဗိုလ်လုပွဲ သတင်းတွေအပြင် အပတ်စဉ် ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ အပြင် စိုက်ပျိုး- စီးပွါးအစီစဉ်တွေ တင်ပြပေးပါမယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဩဂုတ် ၂၀ ရက်၊ ၂၀၂၃)
မိမိကိုယ်ကို တူနဲ့ ထုနေသူ၊ ဘားတန်းဆွဲပြီး ကမ္ဘာ့စံချိန်တင်တဲ့ ခြေတဘက်ပြတ် မသန်စွမ်းအမျိုးသား၊ ဒီလို ထူးခြားဆန်းပြား သတင်းများ၊ ပြီးတော့ဆီးကျိတ်ကင်ဆာအန္တရာယ် လူထုနဲ့ ကျန်းမာရေး၊ နောက်တော့ထိုင်းရောက် မြန်မာအထည်ချုပ်လုပ်ငန်းလေးတွေအကြောင်း နေရာပေါင်းစုံ အကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ ဩဂုတ် ၂၀၊ တနင်္ဂနွေ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (သြဂုတ် ၂၀၊ ၂၀၂၃)
ကမ္ဘာ့ဖလား အမျိုးသမီးဗိုလ်လုပွဲမှာ စပိန်အသင်း အင်္ဂလန်ကို ၁ ဂိုး၊ ဂိုးမရှိနဲ့နိုင်၊ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ မျှော်လင့်ချက် စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။