TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (သြဂုတ် ၂၀ ရက်၊ ၂၀၂၂)
ယူကရိန်းနယ်စပ်အနီး ရုရှားလက်နက်တိုက်ပေါက်ကွဲ၊ G-20 ထိပ်သီးအစည်းအဝေး ရုရှားနဲ့ တရုတ်သမ္မတတွေ တက်ရောက်ဖွယ်ရှိ၊ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ ထုတ်ပြန်ချက်အပေါ် စစ်ကောင်စီဝေဖန် စတဲ့သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ အမျိုးသမီးကဏ္ဍ၊ သုတစုံလင်အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ စတဲ့အပတ်စဉ် အစီအစဉ်တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း၊ သြဂုတ် ၂၀ ရက်၊ ၂၀၂၂
ဗွီအိုအေ တပတ်အတွင်းသတင်း၊ သြဂုတ် ၂၀ ရက်၊ ၂၀၂၂ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန်ရဲ့ မြန်မာနိုင်ငံခရီး၊ အမေရိကန်လွှတ်တော်သက်တမ်းဝက် ရွေးကောက်ပွဲအတွက် Republican ပါတီတွင်း ကိုယ်စားလှယ်လောင်း ပဏမ ရွေးချယ်ပွဲတွေမှာ ဘယ်သူတွေနိုင်နေသလဲ စတာတွေသိရမယ့် တပတ်အတွင်း သတင်းစုစည်းတင်ပြမှု၊ မြန်မာနိုင်ငံက ပြည်သူအများ တမျိုးစီကြုံနေကြတဲ့ အခက်အခဲအကြောင်း သတင်းထောက်မှတ်စု၊ ဒါတွေကို ၂၀၂၂ သြဂုတ်လ ၂၀ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရပါမယ်။
ဗွီအိုအေ မြန်မာညချမ်း သြဂုတ် ၂၀၊ ၂၀၂၂
တူရကီရောက် ယူကရိန်းကောက်နှံသင်္ဘော ကုလအတွင်းရေးမှူးချုပ်စစ်ဆေး။ အင်ဒိုနီးရှားမှာ မျောက်ကျောက်ရောဂါဖြစ်သူ ပထမဆုံးတွေ့ရှိ စတဲ့ သတင်းတွေနဲ့အတူ အပတ်စဉ်ကဏ္ဍတွေမှာတော့ ဒို့အသံ၊ ဒီမိုကရေစီလူ့အခွင့်အရေးနဲ့ခေတ်ပြိုင်ကမ္ဘာ၊ တပတ်အတွင်း မြန်မာနဲ့နိုင်ငံတကာသတင်းအနှစ်ချုပ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။