TV Schedule
၁၉:၀၀ - ၁၉:၂၉
နေ့စဉ် တီဗွီသတင်းလွှာ (၀၈-၂၀-၂၀၁၉)
-ဆူဒန်သမ္မတဟောင်း Omar al-Bashir ကို အကျင့်ပျက်ခြစားမှုဆိုင်ရာ စွဲချက်တွေနဲ့ ခါတွမ်မြို့တော်မှာ စပြီး တရားရုံးတင် စစ်ဆေးနေပါပြီ။ -Gibraltar အာဏာပိုင်တွေ ပြန်လွှတ်ပေးလိုက်တဲ့ အီရန် ရေနံတင်သင်္ဘောနဲ့ မပတ်သက်ဖို့ မြေထဲပင်လယ်နိုင်ငံတွေကို အမေရိကန်အစိုးရက သတိပေးလိုက်ပါတယ်။ -ဟောင်ကောင်မှာ သီတင်း ၁၁ ပတ်ကျော်ကြာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဖြစ်ပွားပြီးတဲ့နောက် ဆန္ဒပြသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အစိုးရဘက်က အဆင်သင့်ရှိတယ်လို့ အုပ်ချုပ်သူတွေဘက်က ပြောပါတယ်။