TV Schedule
ဇူလိုင် ၂၀၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
အမေရိကန်တွေ မတရားဖမ်းဆီးခံရနိုင်တဲ့ နိုင်ငံစာရင်းမှာ မြန်မာပါဝင်၊ မြန်မာနိုင်ငံမှာ လူမှောင်ခိုမှုအန္တရာယ် အမေရိကန်ထောက်ပြ၊ တိုတယ်ကုမ္ပဏီ မြန်မာနိုင်ငံက ထွက်မယ့်အစီအစဉ် လူ့အခွင့်အရေးလှုပ်ရှားသူတွေစိုးရိမ်၊ ရုရှားသမ္မတရဲ့ အီရန်ခရီးစဉ် စတဲ့ သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ ဆိုရှယ်မီဒီယာပေါ်က လူကြည့်များသတင်း၊ အမေရိကန်နိုင်ငံရေး၊ ISP မြင်ကွင်းကျယ်မှတ်စု၊ ကမ္ဘာတလွှားခရီးသွား အပတ်စဉ် ကဏ္ဍတွေကိုလည်း နားဆင်ကြည့်ရှုရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇူလိုင် ၂၀၊ ၂၀၂၂)
ယူကရိန်းနိုင်ငံက သီးနှံတွေ ပင်လယ်နက်ဆိပ်ကမ်းကနေကမ္ဘာတဝန်း သယ်ယူတင်ပို့နိုင်ရေး ရုရှားနိုင်ငံကနေ ဆောင်ရွက်ပေးဖို့ အသင့်ရှိနေတယ်လို့ ရုရှား သမ္မတ Putin ပြော၊ ဗုဒ္ဓဟူးနေ့မှာ ယူကရိန်း သမ္မတကတော် Olena Zelenska အမေရိကန်လွှတ်တော်မှာ မိန့်ခွန်းပြောကြားဖို့ ရှိ၊ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၆ နိုင်ငံမှာ အမေရိကန် နိုင်ငံသားတွေကို မတရား ဖမ်းဆီးတာတွေ ရှိနိုင်တာကြောင့် ခရီးသွားတဲ့အခါ သတိထားဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်
ဗွီအိုအေ မြန်မာညချမ်း၊ ဇူလိုင် ၂၀၊ ၂၀၂၂
Ooredoo ဆက်သွယ်ရေးကုမ္ပဏီ မြန်မာပြည်မှထွက်ခွာဖို့ ပြင်ဆင်၊ ကန့်ဘလူ ကျီစုကျေးရွာ နေအိမ်၄၀၀ကျော်မီးရှို့ခံရပြီး လူ၂၀သေဆုံး၊ မောင်းတောမြောက်ပိုင်း ကျေးရွာအုပ်ချုပ်ရေးမှုးအပါ ဒေသခံငါးဦးကို စစ်ကောင်စီဖမ်းဆီး စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ လူထုနဲ့ကျန်းမာရေး၊ အပတ်စဉ်သတင်းသုံးသပ်ချက်နဲ့ အားကစားအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။