TV Schedule
၂၀၂၂ခု ဇွန်လ ၂၀ ရက်နေ့ တနင်္လာနေ့မနက် VOA
မြန်မာနိုင်ငံမှာ လူ့ဂုဏ်သိက္ခာနဲ့ အသက်ရှင်သန်ခွင့်ကိုလေးစားဖို့ ပုပ်ရဟန်းမင်းကြီး တိုက်တွန်းလိုက်ပါတယ်။ ဓာတ်ဆီခွန်ကင်းလွတ်ကာလနဲ့ တရုတ်ကုန်ပစ္စည်းအခွန် လျှော့ချရေး သမ္မတ Biden စဉ်းစား နေပါတယ်။ ကချင်ပြည်က စစ်ပြေးဒုက္ခသည်တွေ အကြောင်းနဲ့ ကမ္ဘာ့မြန်မာ့မီဒီယာမြင်ကွင်း၊ မြန်မာပြည်ကပေးစာကဏ္ဍ၊ သတင်းတွေထဲကသုတ၊ ထူခြားဆန်းပြားသတင်းများ စတာတွေနားဆင်ကြည့်ရှုနိုင်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၂၀-၂၀၂၂)
ကမ္ဘာ့နိုင်ငံ ငါးနိုင်ငံက ဒုက္ခသည်တွေအရေအတွက်ဟာ ကမ္ဘာတဝှမ်း ဒုက္ခသည် စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းနီးပါး ရှိ၊ အာဏာသိမ်းနောက် ဒုက္ခကြုံတွေ့နေကြတဲ့ လူပေါင်း ၃ သိန်းဝန်းကျင်ကို ကူညီနိုင်ခဲ့ပေမဲ့၊ အခက်အခဲတွေ ကြီးကြီးမားမားရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီးရုံး မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ပြော၊ မြန်မာနိုင်ငံတွင်း အတိဒုက္ခရောက်နေကြသူတွေရဲ့ ရှင်သန်ရပ်တည်ခွင့်ကို အသိအမှတ်ပြုပြီး သူတို့ရဲ့ ဂုဏ်သိက္ခာကို လေးစားဖို့ ပုပ်ရဟန်းမင်းကြီး Francis ပန်ကြား... စတဲ့သတင်းတွေ အပါအဝင် ထိပ်တန်းရောက်နိုင်ငံတကာသတင်းတွေ၊ သတင်းဆောင်းပါးတွေကို တင်ပြထားပါတယ်။
ဗွီအိုအေရေဒီယိုညပိုင်း ဇွန် ၂၀၊ ၂၀၂၂
ဒုက္ခသည်ပြဿနာ ဖြေရှင်းပေးဖို့ ထိုင်းနယ်စပ်ရောက် မြန်မာဒုက္ခသည်တွေ တောင်းဆို၊ စစ်ရေးပဋိပက္ခတွေကြောင့် မြန်မာမှာ ဒုက္ခသည်အရေအတွက် တိုးလာနိုင်၊ မြန်မာမှာ စစ်အာဏာသိမ်းပြီးနောက် လူ ၃ သိန်းဝန်းကျင်သာ ကုလ ကူညီပေးနိုင်ခဲ့၊ စစ်ကိုင်းတိုင်း ၄ မြို့နယ်မှာ စစ်ကောင်စီတပ်တွေ စစ်ဆင်ရေးတိုးချဲ့၊ တိုတယ်ရေနံကုမ္ပဏီက အာဏာသိမ်းစစ်ကောင်စီကို ငွေကြေးဆက်မပေးနိုင်အောင် တားမြစ်ဖို့ ပြင်သစ်အစိုးရကို မြန်မာနဲ့ နိုင်ငံတကာ လူထုအခြေပြုလူမှုအဖွဲ့အစည်းတွေ တောင်းဆို စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ သတင်းထောက်မှတ်စု၊ စီးပွားရေးကဏ္ဍ၊ ဘလော့ဂါတွေပြောသမျှ၊ သက်တံရောင်သတင်းလွှာတို့ကို တင်ဆက်ပေးသွားမှာပါ။