TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း မေ ၂၀ ရက် ၂၀၂၃
မြန်မာ့အရေး ဗြိတိန်က ဦးဆောင်ပြီး ကုလသမဂ္ဂမှာ အလွတ်သဘော ဆွေးနွေးခဲ့ကြပါတယ်။ ယူကရိန်းမှာတော့ ဘတ်ခ်မွတ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ထိုင်းအပျော်စီးလှေနဲ့ နယ်ကျွံလာသူတွေကိုတော့ မြန်မာဘက်က ဒဏ်ရိုက်ပြီး ပြန်ပို့လိုက်ပါတယ်။ ဒီလို သတင်းတွေနဲ့အတူ အပတ်စဉ်တင်ဆက်နေကျ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍတွေကို တင်ပြပေးဖို့ရှိပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း၊ မေလ ၂၀၊ ၂၀၂၃
မိုခါမုန်တိုင်းသင့်ဒေသများ အကူအညီတွေ အရေးပေါ်လိုအပ်၊ စစ်ကောင်စီကိုလက်နက်ရောင်းသူ တရုတ်နဲ့ ရုရှား၊ တဆင့်ခံတင်သွင်းမှု စင်္ကာပူလုပ်ဆောင်သလား၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မိုခါမုန်တိုင်းကြောင့် စိုက်ပျိုးသီးနှံများ ရိတ်သိမ်းခါနီး ပျက်ဆီးကုန်၊ ပြီးတော့ လယ်ယာထွက်ကုန်ဈေး အတက်အကျအစရှိတဲ့ လယ်ယာစီးပွားသတင်းတွေ၊ နောက်ပိုင်းမှာတော့ မွေထိုင်းချန်ပီယံ မြန်မာပြည်က ကယန်းတိုင်းရင်းသူ ဗရော်နီကာနဲ့ တွေ့ဆုံမေးမြန်းခန်းတို့ကို ၂၀၂၃၊ မေ ၂၀ စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (မေလ ၂၀၊ ၂၀၂၃)
ယူကရိန်းကို F-16 ဂျက်တိုက်လေယာဉ်တွေ ကူညီဖို့ G-7 သဘောတူ၊ မြန်မာ မုန်တိုင်းသင့်ဒေသတွေအတွက် အကူအညီ အာဆီယံ ပေးပို့ ၊ မိုခါမုန်တိုင်းကြောင့် WFP ရုံးနဲ့ အဆောက်အဦးတချို့ ပျက်စီး စတဲ့ နောက်ဆုံးရ သတင်းတွေအပြင် အနာဂတ် အိပ်မက်ပျောက်ခဲ့ရတဲ့ လူငယ်တွေအကြောင်း ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ အာရှနိုင်ငံရေး၊ လယ်ယာစီးပွားသတင်းများ၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။