TV Schedule
မတ်လ(၂၀) တနင်္ဂနွေ မနက်ခင်း VOA ရေဒီယို ၊ ရုပ်သံ
၂၀၂၂ မတ်လ(၁၉)ရက် တနင်္ဂနွေ မနက်ခင်း အစီအစဉ်မှာတော့ ယူကရိန်းသမ္မတ က ရုရှားနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တောင်းဆိုလိုက်တဲ့သတင်း၊ကရင်ပြည်နယ် ကော့ကရိတ်မှာ တိုက်ပွဲတွေ အပြင်းအထန် ပြန်ဖြစ်နေတာ၊ မြန်မာပြည်မှာခရီးသွားလုပ်ငန်းတွေရဲ့ အလားအလာ စတဲ့ သတင်းဆောင်းပါးတွေအပြင်၊အပတ်စဉ်ကဏ္ဍတွေဖြစ်ကြတဲ့ ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေး နဲ့ ခေတ်ပြိုင်ကမ္ဘာ စတာတွေကို နားဆင်ကြည့်ရှုကြရမှာပါ။
တနင်္ဂနွေနေ့ ဗွီအိုအေ တီဗွီမဂ္ဂဇင်း (မတ် ၂၀၊ ၂၀၂၂)
အူမကြီးနဲ့ အစာအိမ်ဟောင်းကင်ဆာအကြောင်း လူထုနဲ့ကျန်းမာရေး၊ အီတလီ ကတ္တီပါ ရက်ကန်းရုံကို သွားလေ့လာမယ့် ကမ္ဘာတလွှား ခရီးသွား၊ မကြေးမုံရဲ့ အင်္ဂလိပ်စာ၊ သတင်းထဲက သုတ၊ ဒါ့အပြင် ထူးခြားဆန်းပြားသတင်းများ အစီအစဉ်တွေကို ၂၀၂၂ မတ်လ ၂၀ ရက်၊ တနင်္ဂနွေ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
VOA ရေဒီယိုညပိုင်း မတ်၂၀၊၂၀၂၂
ယူကရိန်း Mariupol မြို့ အရပ်သားများခုံလှုံရာ ရုရှားဗုံးကြဲတိုက်ခိုက်၊ နေရပ်ပြန်ရေးကိစ္စ ရိုဟင်ဂျာဒုက္ခသည်တွေ တိုက်ရိုက်ဆွေးနွေးဖို့လိုလား၊ မြောက်ကိုရီယားနိုင်ငံ နောက်ထပ်ဒုံးကျည်စမ်းသပ်ပစ်လွှတ် . စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ကမ္ဘာ့မြန်မာမီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာများ၊ သတင်းထဲက သုတနဲ့ ထူးခြားဆန်းပြားသတင်းများအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ဖို့ရှိပါတယ်။