TV Schedule
ဖေဖော်ဝါရီ ၂၀၊ ၂၀၂၃ ဗွီအိုအေ မြန်မာနံနက်ခင်း
ရုရှားကို တရုတ်က စစ်ရေးအကူအညီ မပေးဖို့ အမေရိကန်သတိပေး၊ နျူကလီးယား စစ်စွမ်းရည် တိုးမြှင့်ဖို့ မြောက်ကိုရီးယား ခြိမ်းခြောက် စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများ အစီအစဉ်တွေကိုလည်း တင်ဆင်မှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၃)
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် ယူကရိန်း မြို့တော် Kiyv ကို သွားရောက်၊ အမေရိကန် F-16 ဂျက် တိုက်လေယာဉ်တွေ တူရကီကို ရောင်းဖို့ ဘိုင်ဒန် အစိုးရ ထောက်ခံတဲ့ အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးပြော၊ မြောက်ကိုရီးယားဘက်က အားကြီးတဲ့ ပဲ့ထိမ်းသုံး ဒုံးကျည် နှစ်စင်း စမ်းသပ်ပစ်ခတ်လိုက်တာကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးခေါ်ပေးဖို့ ဂျပန်ဝန်ကြီးချုပ် တောင်းဆို
ဗွီအိုအေ မြန်မာညချမ်း ဖေဖော်ဝါရီ ၂၀ ၊ ၂၀၂၃
သမ္မတ ဘိုင်ဒန် ယူကရိန်းမြို့တော်သွား၊ ကန့်ဘလူနယ် စစ်ဆင်ရေးကြောင့် ဒေသခံသောင်းဂဏန်းထွက်ပြေး၊ ကချင် လွယ်ဂျယ်နယ်စပ်ဂိတ် တရုတ်ပြန်ဖွင့်၊ ချင်းတွင်းအနောက်ဖက်ကမ်း တိုက်ပွဲပြင်းထန်ခဲ့၊ လူ့ဘောင်သစ်ပါတီဥက္ကဋ္ဌနဲ့ တွေ့ဆုံ မေးမြန်းခန်း စတာတွေနဲ့ စီးပွားရေးကဏ္ဍ၊ လူမှုမြင်ကွင်း စတဲ့ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်ပေးသွားမှာပါ။