TV Schedule
ဗွီအိုအေ မြန်မာ နံနက်ခင်း (ဇန္နဝါရီ ၂၀ ရက်၊ ၂၀၂၄)
ဗွီအိုအေ မြန်မာ နံနက်ခင်း (ဇန္နဝါရီ ၂၀ ရက်၊ ၂၀၂၄) ယူကရိန်းဒရုန်း ထိမှန်လို့ ရုရှားဓာတ်ဆီသိုလှောင်ကန်(၄)ခု မီးလောင်ပေါက်ကွဲ၊ ရုရှား−ဘဲလားရု(စ်)တို့နဲ့ နယ်စပ်တလျှောက် ဘောလတစ်(၃)နိုင်ငံ ကာကွယ်ရေးအတားအဆီး တည်ဆောက်မည်။ ပြင်းထန်တဲ့ နှင်းမုန်တိုင်းကြောင့် အမေရိကန်မှာ ခရီးသွားလာရေး အခက်ကြုံ− ဒီလို နောက်ဆုံးရသတင်းတွေနဲ့အတူ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ အစီအစဥ်တွေကို တင်ဆက်ထားပါတယ်။

ဗွီအိုအေ တပတ်အတွင်းသတင်း (ဇန်နဝါရီ ၂၀၊ ၂၀၂၄)
မြန်မာငြိမ်းချမ်းရေး ထိုင်း နည်းသစ်နဲ့ ဆောင်ရွက်နေကြောင်း ပြောကြား၊ မြန်မာဟာ သတင်းထောက် ဖမ်းဆီးမှု ဒုတိယအဆိုးဆုံးနိုင်ငံ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းများ၊ ဆိုးဆိုးရွားရွား မြင့်တက်နေတဲ့ ဆန်ဈေး။ ဒီလိုလယ်ယာစီးပွား သတင်းတွေ၊ နောက် မဲဆောက်မယ်တော်ဆေးခန်း အတွက် စိန်ခေါ်မှုများ တွေ့ဆုံမေးမြန်းခန်းတို့ကို ၂၀၂၄ ဇန်နဝါရီ ၂၀ စနေ၊ ဗွီအိုအေ တပတ်အတွင်း သတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗီအိုအေ မြန်မာညချမ်း၊ ဇန်နဝါရီ ၂၀၊ ၂၀၂၄
ပါလက်စတိုင်းနိုင်ငံထူထောင်ရေးကိစ္စ အမေရိကန်သမ္မတ အစ္စရေးဝန်ကြီးချုပ်နဲ့ဆွေးနွေး၊ အမေရိကန်မှာ အေးခဲမှုကြောင့် ၅၅ ယောက်ထက်မနည်းသေဆုံး၊ မြန်မာ့ဒီမိုကရေစီရေးအပေါ် သက်ရောက်နိုင်တဲ့ ပြည်ပဖျော်ဖြေပွဲများ၊ မြန်မာနဲ့နယ်စပ် ခြံစည်းရိုးခတ်မယ်လို့ အိန္ဒိယပြော စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။